The Last Killerစစ်တုရင်ပညာရှင်အား ထောက်လှမ်းခြင်း:
စစ်တုပညာရှင်နှင့် ရင်ဆိုင်ပွဲ (၂)"ငါတောင်းပန်ပါတယ်။ငါဒါတော့ မခန့်မှန်းတတ်ဘူး"
လီပိချင်၏ အသံတိုးတိုးလေးက ဖုန်း၏ အခြားတစ်ဖက်မှ ထွက်လာခဲ့သည်။
"မင်းအကောင်းဆုံး လုပ်ပြီးသွားပြီပဲ.....အဲဒီလူသတ်သမားတွေကို ဘယ်လိုဖမ်းရမလဲဆိုတာ
မင်းစဥ်းစားစရာမလိုတော့ပါဘူး။ငါတို့နဲ့သာအပ်ထားလိုက်ပါ။ မင်းရဲ့ခွဲခြမ်းစိတ်ဖြာမှုကိုပဲ
ဆက်လုပ်လိုက်ပါ"လီယိုက အားပေးလိုက်သည်။
"ဟုတ်ပါပြီ"
တရုတ်လူငယ်လေးက ပြန်လည်ဖြေလိုက်ပြီး
နောက်ထပ်စကားတစ်ခွန်းထပ်ဖြည့်ပေးလိုက်သည်။"လီယို ဂရုစိုက်ပါ"
"စိတ်ချပါ...ငါသေချာပေါက် ဂရုစိုက်မှာပါ"
တစ်ဖက်လူ၏ စိတ်ပူနေသည့်အသံကို ကြားရတော့
FBIအရာရှိက နူးညံ့စွာ ဖြေလိုက်သည်။ ထို့နောက် ဖုန်းကိုချလိုက်ပြီး ကားပြန်မောင်းလိုက်သည်။မိနစ်အနည်းငယ်ကြာလောက် ကားမောင်းပြီးနောက်
ကား၏ နောက်ဘက်မှ ရုတ်တရက် "ဘမ်း"ဟု အသံထွက်လာခဲ့သည်။ လီယို၏ ကားက ဘက်ပေါင်းစုံကို ယိုင်ထိုးနေပြီး စတီယာတိုင်ကို မနည်းထိန်းထားရပေသည်။မြို့ပြင်မှာရှိသည့် လမ်းမကျယ်ကြီးတွင် ကားဘီးပေါက်ခြင်းဟာ တကယ်တော့ ငရဲတစ်ခုလိုပင်။ သူ့ခဗျာ ချွေးတွေပြန်လာရပြီး ဘရိတ်ပေါ်သို့ ခဏခဏနင်းနေရပြီးနောက်
ကားကို လမ်းဘေးသို့ ဖြည်းဖြည်းချင်း ရပ်လိုက်ကာ
အပြင်သို့ထွက်ပြီး အခြေအနေစစ်ဆေးခဲ့သည်။သေချာတာပေါ့ ညာဘက်ရှိနောက်ဘီးဟာ ပြားပင်ပြားနေခဲ့သည်။ ကားတာယာပေါ်တွင် သုံးမြှောင့်ပုံစံအချွန်တစ်ခုဖောက်ဝင်နေသည်ကို မြင်တော့
သူ့နှလုံးသားက တုန်လှုပ်သွားပြီး မတော်တဆမဟုတ်မှန်း သိသွားသည်။ အန္တရာယ်ကြီးကြီးမားမားတစ်ခုခု၏ အရိပ်အခြေက ရုတ်တရက်
ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လက်ချောင်းများက ကုတ်အင်္ကျီထဲကို
လက်ထည့်လျက် အိတ်ကပ်ကိုဖွင့်ကာ သေနတ်ကို
စမ်း၍ ထုတ်ရန်ပြင်လိုက်စဥ်မှာပင် သူခြေတစ်လှမ်းနောက်ကျသွားသည်ပင်။ သူ့ခြေကျင်းဝတ်ကို မာကြောသည့် သံမဏိတစ်ခုဖြင့် နောက်ပြန်ဆွဲထားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အားဖြင့်ဖိချထားခဲ့ပေသည်။

YOU ARE READING
The Last Killer (Myanmar Translation)
ActionI don't own this novel.I just translate it and full credit to Original translator! Name- The Last Killer Original Author- 无射(Wú shè) အမှုတွဲ Total: 7ခု "လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ကိုယ်ပိုင် မကောင်းဆိုးဝါးရှိတယ် စုံထောက်ကြီး မင်းမှာ ရောပေါ့"