The Last Killerစစ်တုရင်ပညာရှင်အား ထောက်လှမ်းခြင်း:
စစ်တုပညာရှင်နှင့် ရင်ဆိုင်ပွဲ (၁)လီပိချင်က လီယိုကို ရှာရန်ဆုံးဖြတ်လိုက်သော်လည်း တံခါးလက်ကိုင်ကို ဆွဲလိုက်သည့်အခါတွင်တော့ ရုတ်တရက်တွေဝေသွားပြီး သူ့လက်ကို
ရပ်လိုက်သည်။"မဟုတ်သေးဘူး။ဒါကြီးက မရေမရာကြီး...၅၀ရါခိုင်နှုန်းလောက် မသေချာခင်ထိ သေချာ ပြန်ပြန်
ခွဲခြမ်းစိတ်ဖြာသင့်တယ်။"သူက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လျက်
ကော်ဖီစားပွဲပေါ်က စစ်တုရင်ခုံကို စိုက်ကြည့်လိုက်သည်။"ခဏနေပါဦး...ဘာလို့လဲ????"
Robက နားမလည်စွာ မေးလာခဲ့သည်။
"နောက်တစ်ကွက် ဒါမှမဟုတ် စစ်တုရင်၂ရုပ်
ထပ်ပေါ်လာလိမ့်မယ်"လီပိချင်က ရေရွတ်လိုက်ပြန်သည်။
Robက စစ်တုရင်ခုံကို ပြန်လှည့်ကြည့်လိုက်ရင်း
သွေးစွန်းနေသည့် စစ်တုရင်ရုပ်တွေကို ထည့်ထားသည့် အိတ်ကိုပြန်အမှတ်ရလာသည်။ ထို့အပြင် နစ်နာသူများ၏ သေခါနီး ကြောက်လန့်တကြား
ငြင်းဆန်ခဲ့သယောင် ပြူးကျယ်နေသည့်
မျက်ဝန်းများကိုလည်း ပြန်မြင်ယောင်လာရသည်။သူက ရုတ်တရက် တစ်ဖက်လူဘာပြောချင်လဲဆိုတာ မှင်စက်များကို ဘောပင်နှင့် လိုက်ဆက်သည့်
ဂိမ်းလို ဆက်သည့်နေရာများလေလေ ပုံပေါ်လာလေလေဆိုသည့်အတိုင်း နားလည်လာခဲ့သည်။
သို့သော်လည်း ထိုမှင်စက်တွေက အသက်မရှိသည့်
စစ်တုရင်ရုပ်များမဟုတ်ဘဲ လူ့အသက်များပင်။
လီပိချင်က နောက်ထပ် နစ်နာသူ တစ်ယောက် သို့မဟုတ် ၂ယောက် ပေါ်လာသည်အထိ စောင့်ပြီးမှ
လူသတ်သမားချမှတ်ထားသော အရုိးရှင်းဆုံး
ပုံစံ သို့မဟုတ် အမှန်တရားနှင့် အနီးစပ်ဆုံး
သဲလွန်စကို ပြသနိုင်မည်ဖြစ်သည်။ ဒါက အကြမ်းဖြင်း ခွဲခြမ်းစိတ်ဖြာမှု ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ခန့်မှန်းချက်ပင်....သို့သော် သွေးအေးလုနီးပါးတော့
ဖြစ်သည်။သူ့ရှေ့က တရုတ်လူငယ်လေးကို အံ့အားသင့်စွာ
ကြည့်လိုက်ပြီး တခြားသူ၏ ယဥ်ကျေးပြီး ချောမောလှပသည့် ကြောက်မက်ဖွယ်ရာ ေကျာ့ကွင်းမှ
လွတ်အောင်ကြိုးစားနေရသည်။ သို့သော်လည်း ရိုးရှင်းသည့် သင်္ချာပုစ္ဆာတစ်ပုဒ်ကိုဖြေရှင်းသလို စျာန်ဝင်နေသည့် အရိပ်အယောင်ပျောက်ကင်းနေသည့်
လီပိချင်၏ မျက်နှာအနေအထားတွင်တော့
သူကျရှုံးခဲ့ရသည်။

YOU ARE READING
The Last Killer (Myanmar Translation)
ActionI don't own this novel.I just translate it and full credit to Original translator! Name- The Last Killer Original Author- 无射(Wú shè) အမှုတွဲ Total: 7ခု "လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ကိုယ်ပိုင် မကောင်းဆိုးဝါးရှိတယ် စုံထောက်ကြီး မင်းမှာ ရောပေါ့"