chapter 3

228 42 3
                                    

စစ်တုရင်ပညာရှင်အား ထောက်လှမ်းခြင်း:အဖြူနှင့်အမည်းကြားမှ ကစားပွဲ (1)

ချီကာဂိုရှိ FBIရုံးခွဲ၌ အခန်းတစ်ခန်းတွင် အစည်းအဝေးလုပ်ပြီးနောက် ပရုိဂျက်တာပေါ်တွင်
လူသတ်မှုဖြစ်စဥ်များနှင့် သက်သေများကိုပြသပေးအပြီးတွင် မှောင်မည်းနေသောအခန်းသည် တိတ်ဆိတ်သွားရသည်။

အလင်းရောင်တစ်ချက် ပြန်လည်ဖွင့်လာပြီးနောက်တွင် စစ်တုရင်စိတ္တဇလူသတ်သမား ထောက်လှမ်းရေး ခေါင်းဆောင် အဲဖရက်က
တိတ်ဆိတ်နေသောလေထုကို ဖြိုခွင်းကာ
လေးပင်နေသည့်အသံဖြင့် ပြောလာသည်။

"ကျွန်တော်တို့မှာ သတင်းအချက်အလက် အစုံအလင်ရဖို့ရာ လူသားအမူအကျင့် ခွဲခြမ်းစိတ်ဖြာရေး ဌာနကို ပေးပို့ဖို့အတွက်
သဲလွန်စ အလုံအလောက် ရှိမနေသေးဘူး"

Rob: "ညလယ်ခေါင်ကြီး လမ်းပေါ်မှာ အသတ်ခံရတာတို့၊ ထောင်နံရံအပြင်ကနေ လှမ်းသတ်တာတို့က
သဲလွန်စမရှိဘူးလို့ ပြောလည်း နားလည်လို့ရပါတယ်။ ဒါပေမဲ့ ရုံးခန်းထဲမှာ အသတ်ခံရတဲ့အမှုကတော့ မျက်မြင်သက်သေလည်း မရှိ၊ တရားခံရဲ့
ခြေရာလက်ရာလည်းမတွေ့ဆိုတာကြီးကတော့
မဖြစ်သင့်ဘူးမဟုတ်လား??????"

"မျက်မြင်သက်သေလည်းမရှိ၊ မှတ်တမ်းဗွီဒီယိုလည်းမရှိ၊ သက်သေထွက်ပေးနိုင်တဲ့လူလည်း
မရှိဆိုတော့ ကျွန်တော်တို့အတွက် ခြေရာကောက်လို့ကိုမရတာပဲ။ လူသတ်သမားက ဂရုတစိုက်ကို
အကွက်ချစီစဥ်ထားတာပဲ။ သူ့နည်းလမ်းတွေက
သေသပ်ရုံသာမက သူ့စွမ်းဆောင်ရည်ကလည်း
လူသတ်စက်ကြီးတစ်ခုလိုပဲ"

စုံထောက်ငယ်လေး မိုက်ခ်က ပိုပိုကြက်သီးထစွာ
ပြောလာသည်။

"အဲလောက်ကြီးလည်း စိတ်ဓာတ်ကျမနေကြနဲ့
ကိုယ့်လူတို့..စစ်မရောက်ခင်မျှားမကုန်ကြစမ်းပါနဲ့!!!"

လီယိုက စားပွဲခုံပေါ်သို့ သူ့လက်ဆစ်နဲ့ခေါက်ရင်းပြောလာသည်။

"ဒီလောကမှာ ဟာကွက်မရှိတဲ့ လူသတ်သမားဆိုတာမရှိဘူး။ အဲလိုထင်နေရင်တောငိ ပြစ်ချက်တွေတော့ရှိမှာပဲ။ မင်းတို့သိလား တစ်ခါတစ်လေ ပြဿနာကို
ဖြေရှင်းဖို့နည်းလမ်းက မရေမတွက်နိုင်တဲ့ ဆံပင်မွှေးတွေလိုပဲ များတယ်ဆိုတာလေ။ သွားပြီး
သေသေချာချာ ပြန်စုံစမ်းကြ။ အခင်းဖြစ်တဲ့နေရာ၊
ဖြစ်ရပ်၊ လူသတ်လက်နက်၊အစိတ်အပိုင်းတစ်ခုခု၊
ဖြစ်နိုင်တဲ့ မျက်မြင်သက်သေတွေ၊ ဆေးလိပ်တိုလေးတစ်ချောင်းကနေ လမ်းဘေးမှာ အက်ကွဲနေတဲ့
ကျောက်တုံးအဆုံး။ အတိုချုံးပြောရရင် မင်းတို့တွေးရသမျှ အကုန်စစ်ဆေးပေး။ ဇဝေဇဝါဖြစ်နေတဲ့သက်သေဖြစ်ဖြစ် ငါတို့ကိုအစီရင်ခံစာပြန်ပို့ပေးကြ"

The Last Killer (Myanmar Translation)Where stories live. Discover now