chapter 10

183 39 2
                                    

လူသတ်လက်နက်များ စုစည်းရာရဲတိုက်ကြီး

လူသွားစင်္ကြန်တစ်ခုလုံးက မှောင်မည်းနေပြီး
လမ်းတွေကလည်း အကွေ့အကောက်များလှသည်။
မျက်နှာကျက်တွင်လည်း ခေတ်ဟောင်းပုံစံမီးလုံးများ တပ်ဆင်ထားသေးသည်။ နံရံ၏ ဘေးဘက်၂ဘက်စလုံးအား မှုန်မှိုင်းမှိုင်းနံရံကပ်စက္ကူများဖြင့်ကပ်ထားပြီး အကွာအဝေးတစ်ခုချင်းစီခြားသည့် တံခါးအသီးသီးရှိပြီး တံခါးများ၏
လက်ကိုင်များ ဖုန်တက်နေပုံမှာ မဖွင့်တာကြာပြီမှန်းသိသာလှသည်။

ဒီအဆောက်အဦသည် ဘယ်လိုများတည်ဆောက်ထားပါသနည်း?၁၉၂၀နှင့်၁၉၃၀ကြားက အောက်ခြေလူတန်းစားများ တည်းသည့်တည်းခိုခန်းတစ်ခုနှင့်တူနေသည်။ လီယိုက မှုိအတက်ဆုံးသော အောက်သို့ဆင်းနိုင်မည့်လှေကားများကို ရှာဖွေရန် တံခါးတစ်ခုဆီဦးတည်လိုက်သည်။ သူအခုရောက်နေတာ ဘယ်အထပ်မှန်း မသိပေမဲ့ နတ်ဆိုးဘုရင် အီဗန် ပြောပုံအရဆိုလျှင် သူရောက်နေတာ အပေါ်ဆုံးထပ်တော့မဖြစ်နိုင်ပေ။

ညာဘက်တွင်ရှိသော တံခါးလက်ကိုင်က အလွန်ချောင်နေသည့်အတွက် လီယိုက အချိန်အတော်ကြာ
လှုပ်ရမ်းလိုက်မှ တံခါးကတဖြည်းဖြည်းပွင့်လာခဲ့သည်။ အတွင်းပိုင်းတွင် ဗလာဖြစ်နေပြီး ခြောက်ခြားစရာလည်း ကောင်းသည်။ နံရံများ ကြမ်းပြင်များ မျက်နှာကျက်များ အားလုံးဟာ မီးခိုရောင်ဆေးသုတ်ထားပြီး သူခြေလှမ်းလိုက်တာနဲ့ သူ့ခြေထောက်တွေဟာ ကြမ်းပြင်ထဲသို့နစ်ဝင်သွားခဲ့သည်။ အကြောင်းကတော့ နံရံလေးဖက်စလုံးနှင့်ကြမ်းပြင်များအား စိတ္တဇဆေးရုံရှိလူနာများ နံရံကိုထိုးမိပြီး ထိခိုက်ဒဏ်ရာမရအောင် နံရံများကို
မိုးကာကူရှင်သားများနှင့် တည်ဆောက်ထားသကဲ့သို့ဖြစ်နေသောကြောင့်ပင်။

သူက အခန်းထဲသို့ဝင်လိုက်ပြီးနောက် ရှေ့သို့ဆက်လျှောက်လိုက်သည်။ သူတွေ့ရသည်များက အထဲ၌
လူများ၏ စိတ်အာရုံများအား ထုံထိုင်းကြောက်ရွံသွားစေမည့် ဆာလဖျုရစ်အက်ဆစ် ရေကန်များ၊
ခွဲစိတ်စားပွဲများ၊ချောက်နက်ကြီးများ၊ လက်နက်များပြည့်နေသည့် ညှင်းပန်းနှိပ်စက်ရေးအခန်းများ၊
ဓာတ်ငွေ့အခန်းများ၊ မီးဒဏ်ခံနိုင်သည့် အခန်းများပြည့်နေသည့် တံခါးမြောက်မြားစွာကို တွေ့လိုက်ရသည်။

The Last Killer (Myanmar Translation)Where stories live. Discover now