(နတ်ဆိုး ဟောပြောပွဲ) ၁
"ငါလက်နက်ပေါ်မှာ ဘာရှာတွေ့ခဲ့လဲ မင်းတို့သိချင်ကြလား????"
ဒေါက်တာ ကလိမန့်က ရုံးခန်းထဲသို့ ဝင်သွားပြီး
စားပွဲခုံ အလယ်မှာ ဆွေးနွေးနေကြတဲ့ လီယိုနဲ့
သီယာကို ပြောလာသည်။ လူအိုကြီးက မျက်လုံးတွေ တောက်ပနေပြီး တစ်စုံတစ်ယောက်က
သူ့ကို အသည်းအသန် မေးလာမည့် အချိန်ကို
စောင့်နေခဲ့သည်။ ရုတ်တရက် သူက ဒီလူတွေရဲ့
အကြောင်းကို သတိရသွားပြီး စိတ်ဆိုးစွာ
ပြောလာသည်။"မင်းတို့အားလုံး ဘရန်ဒီမိသားစုရဲ့ ကြွယ်ဝပြီး
ထင်ရာစိုင်းတတ်တဲ့ကလေးကို သံသယရှိသူအဖြစ်
ထင်နေကြတာ ငါသိတယ်၊ဒါပေမဲ့ မင်းတို့အားလုံး မှားနေကြပြီ"သူက စာရွက်ဖိုင်ကို လှန်လျက် လေထဲသို့
မြှောက်ပြလာသည်။"ကြည့်လိုက်!!!ငါ လူသတ်သမားရဲ့ လက်နက်ကို
သေချာလေ့လာပြီးတော့ ငါတွေ့လိုက်တာက
နစ်နာသူရဲ့ စအိုဝကို ဖောက်ဝင်နေတဲ့ သစ်ကိုင်းမှာ သုတ်ရည်ပါနေတာကို ငါတွေ့လိုက်ရတယ်
သုတ်ရည်ကို သွေးစွန်းနေလို့ မတွေ့ရတာ။
ဒါပေမဲ့ ခြောက်သွေ့သွားတဲ့ သွေးတွေကို
အရည်ဖျော်လိုက်တော့ သွေးအစစ်ပမာဏဟာ
အလွန့်အလွန်ကို နည်နေတယ်။ ကြည့်ရတာ
သနားစရာကလေးက မသေခင် လိင်ပိုင်းဆိုင်ရာ
တိုက်ခိုက်ခံခဲ့ရတာ သို့မဟုတ် သူသေပြီးနောက်ပိုင်း
မှာပင် ဖြစ်နိုင်တယ်။ အခုငါပြောနေတာ ဒုတိယနစ်နာသူအကြောင်း ပြောနေတာ။ ဒါနဲ့ တတိယနစ်နာသူ Collinလား သူ့ခန္ဓာကိုယ်မှာတော့ ဘာထိခိုက်ဒဏ်ရာမှ မတွေ့ရဘူး။ ပထမတစ်ယောက်ဆို
ပိုလို့တောင် ဆိုးသေးတယ်။ဘာလို့လဲဆိုတော့
သူသေတာ တော်တော်ကြာပြီမိုလို့လေ။"အခုချိန်မှာတော့ သီယာဟာ အတော်လေး အံ့အားသင့်သွားရသည်။ သူမက မယုံနိုင်စွာဖြင့်
"မဖြစ်နိုင်ဘူး။ လိင်တူချစ်ခြင်းကို ရွံမုန်းတဲ့သူဟာ
တစ်စုံတစ်ယောက်ကို လိင်တူခြင်း မုဒိန်းကျင့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ လူသတ်မှု နှစ်ခုက မစပ်ဆိုင်ရင်တောင် သတ်တဲ့ပုံစံ တူခြင်းတွေအရ
အသေးစိတ်ဆွေးနွေးပြီးတဲ့နောက် သံသယရှိတဲ့သူကတော့ အတူတူပဲလေ"

YOU ARE READING
The Last Killer (Myanmar Translation)
ActionI don't own this novel.I just translate it and full credit to Original translator! Name- The Last Killer Original Author- 无射(Wú shè) အမှုတွဲ Total: 7ခု "လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ကိုယ်ပိုင် မကောင်းဆိုးဝါးရှိတယ် စုံထောက်ကြီး မင်းမှာ ရောပေါ့"