The Last Killer
သေခြင်းတရားနှင့် တွေ့ဆုံခြင်း
...........................................................
Chevrolet အနက်ရောင်ကားလေးဟာ နိုင်လွန်ကတ္တရာလမ်းမကျယ်ကြီး၏ ဘေး၌ ပါကင်ထိုးလိုက်သည်။
LiBiqing က လက်ထဲက အားကစားအိတ်လေး
တစ်လုံးကိုကိုင်ပြီး ကားပေါ်ကဆင်းကာ အနီးနားရှိ
သစ်တောထူထူတွေနှင့် တောင်ကုန်းဆင်ခြေလျှောတွေကို ကြည့်ပြီး မေးလိုက်သည်။"ဒါကဘယ်ပန်းခြံလဲ????"
Leoက ကားတံခါးကို ပိတ်လိုက်ပြီး သူ့ဘေးနားကို
လမ်းလျှောက်သွားလိုက်သည်။"Portlandပြည်နယ် တက္ကသိုလ်။ ပရဝဏ်တစ်ခုလုံးက ပန်းခြံလို့ပြောရမှာပဲ။ ငါမင်းအတွက် ရှာပေးတဲ့
ဘာသာစကားသင်တန်းကျောင်းကလည်း
ဒီတက္ကသိုလ်ဝင်းထဲမှာပဲ။ ငါတို့နေတဲ့တိုက်ခန်းနဲ့
နာရီဝက်လောက်ပဲ မောင်းရတယ်။ပြီးတော့
နေရာတစ်ဝိုက်ကို ဘတ်စ်ကားဖြတ်သွားတဲ့အတွက်
မင်းကျောင်းကို အေးအေးဆေးဆေး သွားလို့ရတယ်"ဂိတ်ပေါက်ဝ၌ အိန္ဒိယဥရောပကပြား အမျိုးသား
တစ်ယောက်ရပ်နေပြီး သူ့ခန္ဓာကိုယ်က လေ့ကျင့်ခန်း သေချာလုပ်ထားသင့်ပုံပေါ်သည်။ Leoနဲ့
စကားအနည်းငယ် ပြောပြီးတာနဲ့ သူကဝမ်းသာအားရဖြင့် LiBiqing ၏လက်ကို ဆုတ်ကိုင်ကာ
လှုပ်ရမ်းလိုက်တော့သည်။ တရုတ်အသံမပီမသထွက်ရင်း ကောင်လေး၏ လက်ရှိနေထိုင်စားသောက်ပုံကို စပ်စုလာပြီး သူ့၏ တစ်ဖက်သား
အပေါ် ဖော်ရွေမှုကတော့ အလွန့်အလွန်ထိပ်တန်းပင်ဖြစ်သည်။စကားနည်းနည်းလောက် ပြောပြီးတော့ LiBiqing က
မသိမသာ သူ့လက်ကိုရုန်းထွက်လိုက်ပြီး Leoကို
မဝံ့မရဲလေး တစ်ချက် ကြည့်လိုက်သည်။Leoကတော့ သူ့ပုခုံးကို ပုတ်ပေးလိုက်ရင်း ပြောလိုက်သည်။
"အခုချိန်ကစပြီး မစ္စတာ Wayneက မင်းကို
အထဲခေါ်သွားလိမ့်မယ်။ ငါမင်းကို နေ့လည်ကြမှ
လာကြိုမယ်။မနက်ဖြန်တော့ မင်းဘာသာမင်း
ဘတ်စ်ကားစီးရမယ် ဟုတ်ပြီလား????""ကောင်းပြီလေ"
LiBiqing က တိုးတိုးလေး ရေရွတ်လိုက်သည်။
Leoက သူ့ခြေထောက်တွေကို လှည့်ကာ ပြန်ထွက်သွားဖို့ပြင်တော့ LiBiqing က သူ့အင်္ကျီစကို
ဆွဲကာ တစ်ခုခုပြောချင်ပေမဲ့ တွန့်ဆုတ်နေခဲ့သည်။
သူ့ပုံစံက အခုမှကျောင်းစတက်မည့်ကလေးက
ကြောက်လန့်နေ၍ မိဘတွေကို မပြန်စေ့ချင်သည့်
ပုံပေါက်နေသည်။

YOU ARE READING
The Last Killer (Myanmar Translation)
ActionI don't own this novel.I just translate it and full credit to Original translator! Name- The Last Killer Original Author- 无射(Wú shè) အမှုတွဲ Total: 7ခု "လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ကိုယ်ပိုင် မကောင်းဆိုးဝါးရှိတယ် စုံထောက်ကြီး မင်းမှာ ရောပေါ့"