chapter 14 part2(final)

375 41 2
                                    

လူနာလာမေးကြသူများ(2)

သို့သော်လည်း လီယိုက ရော့ဘ်ကိုတရားချရန်စိတ်ကူးမရှိပေ။ ဒီလိုအမှုပေါင်းများစွာကို ရှေ့ဆက်ပြီး သူတို့ကြုံတွေ့ရဉီးမည်ဖြစ်ပြီး မြောက်များစွာသော စိတ်တ္တဇလူသတ်သမားများနှင့်ပါတွေ့ဆုံရမည်ဖြစ်ကာ သူတို့ကိုယ်သူတို့လည်း အခက်အခဲပေါင်းစုံမှကျော်လွှားရဉီးမည်ဖြစ်သည်။ တစ်ပါးသူအပေါ်တရားချခြင်းက ကောင်းသည့်အကျင့်တစ်ခုတော့ မဟုတ်ပေ။ ကံကောင်းတာက အချိန်ဆိုသည့်အရာက မပြီးဆုံးနိုင်သော စီးကြောင်းကြီးတစ်ခုဖြစ်ပြီး လူတစ်ယောက်၏ စိတ်အပါအဝင် ဝိဉာဉ်စသဖြင့် မသန့်ရှင်းသောအရာများကိုပါ တိုက်စားသွားနိုင်လေသည်။

"ဘယ်လိုဘဲဖြစ်ဖြစ် အမှုကတော့ပြီးသွားပါပြီ!!" ရော့ဘ်က သက်ပြင်းချလျက် "ငါကတော့ဒီလိုကောင်တွေကိုကြည့်ပြီး လိုက်နှိမ်နှင်းတဲ့ ရှားချင်အကြောင်း သိချင်လာပြီဟေ့!!! မင်းသိတဲ့အတိုင်း သူကငါတို့ကို ကူညီပြီး ဒီလူယုတ်မာနှစ်ကောင်ကို ငရဲပို့ပေးတယ်။ ပြီးတော့ အေးဂျင့်ကိုပါအကူအညီပေးသေးတယ်။ ဘယ်လိုသိလဲမမေးနဲ့ ငါမင်းတင်ပို့ထားတဲ့ မှတ်တမ်းကိုဖတ်ပြီးသွားပြီ။ ဒီငနှဲနှစ်ကောင်ကို သူ့အကူအညီမပါဘဲ ဖမ်းဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။"

သူ့စကားကြောင့် လီယိုက စာပြန်ရေးပြလိုက်သည်။ "အခုငါ့အတွက် ခေါင်းအကိုက်ဆုံးက ထုချေလွှာရေးရမှာဘဲ။ အဲ့ဒါကဘယ်လောက် ရေးရခက်လဲမင်းသိသားနဲ့!!"

"ကိုယ်ချင်းစာမိပါတယ်။" ရော့ဘ်ကနှစ်သိမ့်လာသည်။ "အကြောင်းအရာတစ်ခုလုံးကြီးလည်း အတိအကျရေးလို့မဖြစ်သလို အသေးစိတ်မပါရင်လည်းမကောင်းပြန်ဘူး ဟုတ်တယ်မလား?? ‌ဒါပေမယ့် အနာဂတ်မှာ ရှားချင်ကိုမင်းဖမ်းမိခဲ့ရင် အခုမင်းရေးထားတဲ့ထုချေလွှာက သက်‌သေဖြစ်သွားနိုင်တာဘဲကို။ "

လီယိုက သူ့စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

ရော့ဘ်က သူ့ပုခုံးကို ပုတ်လျက် နှစ်သိမ့်လိုက်သည်။ "ဒါပေမယ့် အဲ့ဒါကလည်း မင်းပြန်ကောင်းလာမှပါကွာ။"

"ငါအားလပ်ရက်ယူချင်တယ်။" လီယိုက ရုတ်တရက် ပြောလာသည်။

"နားရက်??? ကောင်းတာပေါ့!!! ငါတို့ခွင့်မယူရတာဘယ်လောက်ကြာပြီလဲ???" ရော့ဘ်က အရမ်းကိုစိတ်လှုပ်ရှားနေပြီး အကြိမ်ပေါင်းများစွာ လှည့်ပတ်ကခုန်နေခဲ့သည်။ "မင်းရဲ့တွဲဖက်အဖြစ် ကျပြီးကတည်းက ငါ့မှာနေ့တိုင်းနေ့တိုင်း အလုပ်အလုပ်အလုပ်နဲ့ စိတ်ဓာတ်တောင်ကျချင်လာပြီ။ ဒီအခွင့်အရေးကို အမိအရယူပြီး အားလပ်ရက်ယူရမယ်။ ၃လမဟုတ်သေးဘူး နှစ်ဝက် အားပြန်ပြည့်ဖို့ဆို ဘယ်လောက် လောက်လိုတယ်တဲ့လဲ???"

The Last Killer (Myanmar Translation)Where stories live. Discover now