နတ်ဆိုးဘုရင်နှင့် စစ်မက်မြင်း (1)
လီယိုသတိပြန်လည်လာတော့ Robရဲ့ညည်းညူသံကို ကြားလိုက်ရသည်။
"မင်းအဆင်ပြေရဲ့လား?"
သူက အပျက်အစီးကြားမှ မေးလာသည်။"ငါထင်ထားတာထက် ပိုဆိုးနေသေးတယ်"
Robရဲ့ ပြန်ဖြေတဲ့အသံက ကျောက်တုံးချင်းပွတ်တိုက်သည့် အသံထက်ပင်ဆိုးဝါးနေလေသည်။
"ငါအပစ်ခံရတယ်။ကျည်ဆန်က မိုက်ခ်ရဲ့ဦးနှောက်ကို ဖြတ်သွားပြီး ငါ့လက်မောင်းကိုလာထိတာ။
ငါ့မျက်နှာတစ်ခုလုံးလည်း သူကထွက်လာတဲ့
သွေးတွေနဲ့စင်နေတာပဲ။သူတို့တွေ သူ့ကို
တကယ်ကြီးသတ်ပစ်တာပဲ။ အစောကလေးတင်မှပဲ
ငါနဲ့သူစကားပြောနေတုန်းရှိသေးတယ်...ဒါပေမဲ့
အခုတော့ သူ့ဦးနှောက်ရဲ့၃ပုံ၂ပုံပဲရှိတော့တယ်။
ဒီခွေးမသားတွေကတော့!!!ငါသူတို့ခေါင်းကို
သွားပစ်ပစ်မယ်!!!အိုး...ယီး..ယီး..ယီး...ယီးပဲ"
Robက နောက်ဆုံးစကားကို ထပ်ခါထပ်ခါ
ပြောလိုက်သည်။"စိတ်လျှော့ Rob စိတ်လျှော့"
လီယိုက Robက လေပြေလေးဖြင့် ချော့ပေမဲ့
သူလည်းထိုနည်းတူဖြစ်နေပြီး သူ့ခေါင်းထဲကို
ကျိန်ဆဲချင်စရာ စကားလုံးများကို ဝင်မလာအောင်
ထိန်းနေရသည်။ သူ့ကြောင့် မိုက်ခ်သေရတာ!!
သူသာဒဏ်ရာမရနေရင် ကားမောင်းနေရာသူဝင်ယူရပြီး မိုက်ခ်သူ့အစားသေရမှာမဟုတ်ပေ။ ဒီပစ်ချက်က သူ့အတွက် ရည်ရွယ်ထားတာဖြစ်ပြီး သူ့အစား
ဝင်ခံမည့် လူမည်းလူငယ်လေးအတွက် မဟုတ်ပေ။
ဒီစိတ်ကူးက ချက်ချင်းပင် လုံးခြေခံရပြီး အခုချိန်ခဏလေးဟာ တစ်ယောက်ကိုတစ်ယောက်
အပြစ်မြင်ဖို့ မဖြစ်လောက်အောင်အလွန်တန်ဖိုးရှိလှသည်။"မင်းလှုပ်နိုင်သေးလား Rob?"
"ဘယ်ဘက်လက်မောင်းနဲ့ ပုခုံးကလွဲလို့အဆင်ပြေပါတယ်။ ဒါပေမဲ့ တံခါးကကျပ်နေတယ်"
လီယိုကလည်း သူ့ခေါင်းထဲက တစ်ဆစ်ဆစ်ကိုက်လာသလိုဖြစ်လာသည်။ သူက ပျက်စီးနေသည့် တံခါးကို တွန်းကာကားထဲမှ ထွက်လာသည်။
ထို့နောက် ကြမ်းပြင်ပေါ်က သံချောင်းတစ်ချောင်းကိုကောက်လျက် ကားအရှေ့တံခါးကို ရိုက်ခွဲကာ
မိုက်ခ်၏ အလောင်းနှင့်ပိနေသည့်
Robကို ဆွဲထုတ်လိုက်သည်။ သူ့ဘယ်ဘက်ပုခုံးက
သွေးများက ရေပန်းကဲ့သို့ပန်းထွက်နေပြီး သူ့ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး သွေးရောင်လွှမ်းနေခဲ့သည်။ သူ့မျက်နှာတွင်လည်း မိုက်ခ်၏ အရုိိးအပိုင်းအစများက ပြတ်ထွက်လာသော ကြောင့်
ခြစ်ရာ ပဲ့ရာများနှင့် ပြည့်နေခဲ့သည်။

YOU ARE READING
The Last Killer (Myanmar Translation)
AksiI don't own this novel.I just translate it and full credit to Original translator! Name- The Last Killer Original Author- 无射(Wú shè) အမှုတွဲ Total: 7ခု "လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ကိုယ်ပိုင် မကောင်းဆိုးဝါးရှိတယ် စုံထောက်ကြီး မင်းမှာ ရောပေါ့"