Chapter 2

430 71 3
                                    

လေလွင့်ခြင်း...

Leo နောက်တစ်နေ့မှာတော့ အအိပ်လွန်သွားခဲ့သည်။သူနိုးလာတော့ နာရီလက်တံက မနက်၁၁နာရီကိုပြနေခဲ့သည်။ သူအလုပ်မရှိချိန်ဆိုရင်တောင်
သူ့အတွက်ဒီလိုဖြစ်တာ အတော်ထူးဆန်းသည်။
ကွင်းဆက်လူသတ်မှု စုံစမ်းရေးအဖွဲ့ခေါင်းဆောင်အနေနှင့် သူ့ရဲ့နေ့စဥ် အလုပ်ချိန်ကို တခြားတစ်ယောက်ကို တင်ပြရန်မလိုအပ်ပေ။ သို့သော်လည်း
သူက ကိုယ်ပိုင် စည်းကမ်းတင်းကျပ်သူဖြစ်ပြီး
သူ့စိတ်ကလည်း ခိုင်မာတဲ့ ရာဘာကြိုးတစ်ချောင်းလိုဖြစ်ပြီး သူ့ကိုယ်သူ သူ့အလုပ်ကိစ္စများကို
အမှားသေးသေးလေးတစ်ခုကြောင့် လွဲချော်သွားတာမျိုးတောင် အဖြစ်မခံပေ။

သို့သော် ဒီနေ့လိုအဖြစ်အပျက်အတွက် သူသောက်နေကြ အိပ်ဆေးများကိုသာ ပုံချစရာရှိသည်။ထို့ကြောင့် ဒီဆေးများ သောက်ရခြင်းကို မစွဲလမ်းခင်
ဆရာဝန်ကို နောက်ထပ်ဆေးပြောင်းပေးရန်
ပြောမည်ဟု သူတွေးလိုက်သည်။

သူ့ကိုယ်သူ မြန်မြန်ဆေးကြောလိုက်ပြီး သူ့ကုတ်အင်္ကျီကို ယူကာ အပြင်ထွက်ရန် ပြင်လိုက်စဥ်
သူ့နောက်မှ တစ်စုံတစ်ယောက်၏ အသံကိုကြားရသည်။

"မင်းမထွက်သွားခင် တစ်ခုခုစားသွားပါလား!!
မင်းမှာ အချိန်ရှိသေးတယ်မလား????"

Leoက ခေါင်းလှည့်ကြည့်လိုက်တော့ အေပရွန်ဝတ်ပြီး ယောက်မကိုကိုင်ထားသည့် LiBiqing က မီးဖိုချောင်ထဲက ထွက်ကာ သူ့ကို ဖက်လဲတကင်း
နှုတ်ဆက်တာကို တွေ့လိုက်ရသည်။

"မနေ့ညက ငါဆိုဖာပေါ်မှာ ပစ်စလတ်ခတ် အိပ်ပျော်သွားတယ်၊ငါ့ကိုအိပ်ခန်းထဲပို့ပေးတာ မင်းမလား
ကျေးဇူးတင်ပါတယ်"

"ရပါတယ်......ငါအလုပ်သွားရတော့မယ်"

Leoက ပြန်ဖြေလာခဲ့သည်။

"မဟုတ်သေးပါဘူး.......နေ့လည်စာတော့စားသွားပါလား....ရုံးကကျွေးလို့လား????"

"မကျွေးပါဘူး.....ဒါပေမဲ့ လမ်းထောင့်မှာ ပီဇာတို့
ဘာဂါတို့ရောင်းတဲ့ဆိုင် ရှိတယ်။ငါအဲဒီက ပါဆယ်ထုတ်သွားမှာ"

Libiqingက စိတ်မကောင်းဖြစ်သွားသည့် ပုံစံနဲ့
သူ့ရင်ဘတ်ကို အုပ်ကိုင်လျက် သက်ပြင်းချကာ
ပြောလာသည်။

The Last Killer (Myanmar Translation)Where stories live. Discover now