နှင်းဆီပွင့်ချပ် လူသတ်သမားရန်ဖြစ်သည့် အုပ်စုထဲမှ ဘယ်သူမှ အဖမ်းမခံရဘဲ
အရာအားလုံး ပြီးဆုံးပြီး မေ့သွားကြသည်။
သို့သော် နောက်တက္ကသိုလ်တစ်ခု၌ ဤကဲ့သို့သော
လူသတ်မှုထပ်ဖြစ်ပြန်သည်။ ဒီအခါတွင်တော့
လူတိုင်းက သမာရိုးကျဖြစ်စဥ်ဟု သတ်မှတ်ကာ
တခြားကျောင်း၏ ကိစ္စကို စိတ်မဝင်စားကြတော့ချေ။ကျောင်းသားတွေ၏ အာရုံစိုက်ခံရသူသည်
Reggieမဟုတ်တော့ဘဲ မြို့ရဲ့ ငြိမ်ဝပ်ပိပြားရေး
အရာရှိ၏ သားဖြစ်သူ တစ်နည်းအားဖြင့်
သူ့ရဲ့ သရုပ်ကိုအသုံးချ၍ ကျောင်းသားကျောင်းသူများကြား တိတ်တဆိတ် သူ့အဖေရှာဖွေတွေ့ရှိသမျှကို နည်းနည်းချင်းစီ ပြန်လည်မျှဝေပေးနေသူ
Quentinသာ ဖြစ်လာတော့သည်။"ရဲတွေက အခုဖြစ်စဥ်က လူသတ်သမားက
လွန်ခဲ့တဲ့ ငါးလက တက္ကသိုလ် ပန်းခြံထဲမှာ
ဖြစ်ခဲ့တဲ့ ဖြစ်စဥ်နဲ့တူညီပြီး လူတစ်ယောက်တည်းက
သတ်တာလို့ ယူဆခဲ့တယ်""တက္ကသိုလ် ပန်းခြံထဲမှာ နှင်းဆီပွင့်ချပ်တွေ
ပြန့်ကျဲနေတဲ့ မှုခင်းလို အခုလည်း နှင်းဆီပွင့်ချပ်တွေ လူသတ်သမားက ချန်ထားခဲ့တယ်။
မင်းတို့သိကြတဲ့အတိုင်းပဲ ကွင်းဆက်လူသတ်သမားတိုင်းက မှုခင်းမှာ သူတို့ရဲ့ ပုံစံအမှတ်အသားတွေ
ချန်ထားခဲ့ကြတယ် ဥပမာ "The Night Stalker,
Richard Ramirezနဲ့ သူ့ရဲ့အလောင်းဇောက်က်ထိုးချိတ်နဲ့ ငါးထောင့်ကြယ် စက်ဝိုင်းတစ်ခု"လိုပေါ့""ကွင်းဆက်လူသတ်သမား ဟုတ်လား????"
"ဟုတ်တယ် အခုလောလောဆယ် နှစ်ယောက်ပဲသေသေးတာဆိုတော့ ရဲတွေရဲ့ စည်းမျဥ်းစည်းကမ်းတွေ အရ နှင်းဆီပွင့်ချပ် လူသတ်သမားဟာ
ကွင်းဆက်လူသတ်သမား အဆင့်ထိတော့
မရောက်သေးဘူးတဲ့။ဒါပေမဲ့ သူ့ကိုမဖမ်းမိရင်
သူက လူတွေ၃ယောက်ထက်ပိုပြီး သတ်လာနိုင်တယ်။အဲဒီအခါကြ သူ့ကို ကွင်းဆက်လူသတ်သမားလို့ သတ်မှတ်နိုင်ပြီတဲ့""သူ့ရဲ့ အဓိကပစ်မှတ်တွေကတော့ သူသတ်တဲ့
လူတွေအရဆိုရင် လူသတ်သမားက လိင်တူချစ်သူတွေအပေါ် ပိုပစ်မှတ်ထားကြတယ်။ သူ့ရဲ့
စိတ်ပိုင်းဆိုင်ရာ အခြေအနေက လူမျိုးရေးခွဲခြားတဲ့ဝါဒနဲ့ လိင်တူစိတ်ဝင်စားသူတွေကို အလွန့်အလွန်
မုန်းတီးတာတဲ့"

YOU ARE READING
The Last Killer (Myanmar Translation)
ActionI don't own this novel.I just translate it and full credit to Original translator! Name- The Last Killer Original Author- 无射(Wú shè) အမှုတွဲ Total: 7ခု "လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ကိုယ်ပိုင် မကောင်းဆိုးဝါးရှိတယ် စုံထောက်ကြီး မင်းမှာ ရောပေါ့"