chapter 7

313 61 3
                                    


(နတ်ဆိုးဟောပြောပွဲ) ၂

အကြောင်းအရာအချက်အလက်ကိ​ု လီပိချင်အား
အသေးစိတ်ချပြပြီးနောက်တွင် ဒေါက်တာကလိမန့်က စပြောလာခဲ့သည်။

"ကောင်းပြီ ကလေးလေး မင်းခုနကတည်းက
တွေးတောနေတာ ငါမြင်မိတာ ဘာတွေများတွေးနေသလဲဆိုတာ ငါတို့ကို ပြန်ဝေမျှပါဦး!!!!မင်းရဲ့စိတ်ထဲမှာ ဒီအချက်အလက်တွေက မီးပန်းမီးရှူးတွေလို
အရောင်တွေတောက်လာပြီး မင်းဉာဏ်တွေကွန့်မြူးသွားတယ်မလား????ဒါကမင်းရဲ့ လှုံ့ဆော်မှုပဲလေ!!!
အဲလ်ဘတ် အိုင်းစတိုင်းက တစ်ခါပြောဖူးတယ်ကွ!!!
"ဉာဏ်ပညာကြီးမားသူဆိုတာ တစ်ရာခိုင်နှုန်းက
ဉာဏ်ပညာကွန့်မြူးမှုနဲ့ ၉၉ရာခိုင်နှုန်းက လုံ့လဝီယအားထုတ်မှုတဲ့ကွ!!!"ဒါပေမဲ့ အဲဒီတစ်ရာခိုင်နှုန်းကလည်း ကျန်တဲ့၉၉ရာခိုင်နှုန်းထက် အလွန့်အလွန်ကိ​ု အရေးကြီးတယ်ကွ"

လီပိချင်က တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြောလာသည်။

"ကျွန်တော့်ရဲ့ ယုတ္တိမရှိတဲ့ အတွေးအခေါ်တွေက
ဇာတ်သိမ်းမလှပမှုဆီကို ခေါ်ဆောင်သွားမှာ
ကြောက်တယ်ဗျ"

"အိုး မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး
သေချာပေါက် မဟုတ်ပါဘူး!!!"

ဒေါက်တာကလိမန့်က သူ့လက်ညှိုးကို ရမ်းခါလျက်
ပြောလာသည်။

"ဒီမှာ ကောင်လေး!!! မင်းကိုယ်မင်း ယုံကြည်မှုရှိရှိထားစမ်းပါ။ ငါတို့မှာလည်း ငါတို့ကိုယ်ပိုင်
အတွေးအမြင် ထင်မြင်ယူဆချက်ဆိုတာ
ရှိတယ်။မင်းမှာလည်း ကိုယ်ပိုင် အတွေးအမြင်ရှိနိုင်တာပဲ။ ဒီကိစ္စမှာတော့ ငါတို့နားထောင်နေစဥ်
အတောအတွင်းမှာ ငါတို့မင်းပြောတာကို
ငါတို့ရဲ့အမှုကိစ္စအတွက် ကိုးကားချက်
ဒါမှမဟုတ် အခြေခံ အဖြစ် လိုလိုချင်ချင် သုံးမှာမဟုတ်ပါဘူး"

"ကောင်းပြီလေ!!!ကြားရတာ တစ်မျိုးတော့ ဖြစ်နိုင်ပေမဲ့ ကျွန်တော်ဒါနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိရှိ
ပြောခြင်းဖြစ်ပါတယ်"

သူကပြောပြီးတာနဲ့ သူ့အိတ်ကပ်ထဲမှ ဘာသာပြန်ကိရိယာလေးကို ဆွဲထုတ်လိုက်သည်။ သူ့အင်္ဂလိပ်စွမ်းရည်က တိုးတက်နေပြီဖြစ်သော်လည်း
ဝေါဟာရမကြွယ်ဝသေးတော့ အခက်အခဲ ဖြစ်ရသည်ပင်။

The Last Killer (Myanmar Translation)Where stories live. Discover now