The Last Killerစစ်တုရင်ပညာရှင်အား ထောက်လှမ်းခြင်း:အဖြူနှင့်အမည်းကြားမှ ကစားပွဲ (2)
"ငါရက်ပေါင်းများစွာ ဒီအကြောင်းလေ့လာနေတာ
ပြီးတော့ ငါ့အတွေးတွေကို မင်းကိုအမြဲပြောပြချင်ခဲ့တာ။ဒါပေမဲ့ မင်းကအမြဲ အလုပ်များနေခဲ့လို့လေ"လီပိချင်က စိတ်အားထက်သန်စွာ သူ့ကို ကုလားထိုင်ပေါ် ဖိချလျက် သူ့ရဲ့ စစ်ဆေးတွေ့ရှိချက် မှတ်တမ်းကို စတင်ပြောပြလေတော့သည်။
သူ့ရဲ့ ပထမစာကြောင်းကပဲ လီယိုကို အံ့အားသင့်စေခဲ့သည်။
"လူသတ်သမားက တစ်ယောက်တည်းလို့ ငါတော့မထင်ဘူး"
"လူသတ်မှုလေးခုနဲ့ စစ်တုရင်ရုပ်လေးရုပ်......
ငါကတော့ အဲလိုမျိုး ယူဆတယ်။ ပစ်သတ်ခံရတဲ့
နှစ်ယောက်အတွက် အနက်ရောင်စစ်တုရင်ရုပ်
၂ခု ကျန်တယ်၊ လည်ချောင်းခွဲခံရတဲ့တစ်ယောက်နဲ့
လည်ပင်းကို စိုက်ခံရတဲ့ တစ်ယောက်နဲ့အတွက်ကြတော့ အဖြူရောင်စစ်တုရင်ရုပ်တွေ ချန်ထားခဲ့တယ်။ ဒါက တစ်ခုခုကို ဆိုလိုတာပဲမဟုတ်လား???
ဘာဖြစ်လို့များ လူသတ်သမားက လူသတ်ဖို့
နည်းအမျိုးမျိုးကို သုံးရတာလဲ?????ကွင်းဆက်လူသတ်သမားတွေဆိုတာ ငါတို့သိသလောက်ကတော့ သူတို့ရဲ့ ပထမဆုံးသားကောင်ကနေ
နောက်ဆူံးသားကောင်ထိက သတ်တဲ့နည်းလမ်းတွေရော ထားခဲ့တဲ့ သဲလွန်စတွေကရော တူတူပဲဟာကို။
အဲဒါက သူတို့ရဲ့ကိုယ်ပိုင် မူဝါဒတွေပဲလေ။
လက်ဗလာနဲ့လူတစ်ယောက်က ပိုပြီးစွမ်းအားထက်တဲ့ လက်နက်ကိုသုံးချင်ရင် ဓားမြောင် ဒါမှမဟုတ်
သေနတ်ကိုသုံးလိမ့်မယ်။ဒါပေမဲ့ လက်နက်ခဲယမ်း
တောင့်တင်းတဲ့သူကတော့ ပိုပိုပြီး အဆင့်မြင့်တဲ့
လူသတ်လက်နက်ကို သုံးတော့မှာပေါ့။ ဘောပင်
တစ်ချောင်းကို သုံးတယ်ဆိုတာ ဖြစ်နိုင်လို့လား????"လီပိချင်က ပြောချင်သမျှကို တလက်ဆက်ပြောပြီးမှ အသက်ကိုပြန်ရှူနေလေသည်။ ထို့နောက်
သူ့ရှေ့က စစ်တုရင်ခုံကို လီယိုကြည့်နေတာ မြင်လိုက်တော့ သူဆက်ပြောလိုက်သည်။"စစ်တုရင် ပြိုင်ပွဲတစ်ခုကို ကြည့်ကြည့်လိုက်။
ငါမဆော့တတ်ပေမဲ့ ခန့်မှန်းကြည့်တာပါ။
ဒါကြောင့် လူသတ်သမားက တစ်ယောက်တည်း
မဟုတ်ဘူး။ နှစ်ယောက်....တစ်ယောက်က
အနက်ရောင်စစ်တုရင်ရုပ်ကို သုံးပြီး နောက်တစ်ယောက်က အဖြူရောင်စစ်တုရင်ရုပ်ကို သုံးတယ်။
သူတို့က လူသတ်တဲ့နေရာမှာ သူတို့ရဲ့ကိုယ်ပိုင်
လူသတ်စွမ်းရည်တွေကို အသုံးချပြီး အချင်းချင်း
ပြိုင်ကစားနေကြတာ။ သူတို့က အခါအားလျော်တိုင်း သူတို့ရဲ့ လုပ်နိုင်စွမ်းတွေနဲ့ ကန့်သတ်ချက်တွေကို ဆွေးနွေးကြတဲ့ပုံပဲ။"
YOU ARE READING
The Last Killer (Myanmar Translation)
ActionI don't own this novel.I just translate it and full credit to Original translator! Name- The Last Killer Original Author- 无射(Wú shè) အမှုတွဲ Total: 7ခု "လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ကိုယ်ပိုင် မကောင်းဆိုးဝါးရှိတယ် စုံထောက်ကြီး မင်းမှာ ရောပေါ့"