The Last Killer
စစ်တုရင်ပညာရှင်အား ထောက်လှမ်းခြင်း:
"ငရဲမှတွားသွားထွက်ခွာခြင်း"ချီကာဂို FBI ရုံး၏ ဒုတိယထပ်..........
အလုံပိတ်အခန်းထဲတွင် အချိန်အတော်တန်ကြာ
သေနတ်ပစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။ အရိပ်ကျသည့်နေရာဘက်မှ ကျည်များ
တန်းစီထွက်ပေါ်လာပြီး လူရုပ်ပစ်မှတ်များသို့
ဦးတည်သွားနေပြီး ၂စက္ကန့်၊၃စက္ကန့် အတွင်းမှာပင်
အလယ်ဘက်အဝိုင်းတွင် အနက်ရောင်အပေါက်သေးသေးလေးများ ဖြစ်သွားသည်။ကျည်ငါးတောင့် ဟာ တစ်ချိန်တည်းထွက်လာပြီး
တစ်ခုချင်းစီက မတူညီသော အမြန်နှုန်း၊ရုန်းကန်အားတို့ဖြင့် ရှေ့ဆက်နေခဲ့သည်။ သို့သော်လည်း
သေနတ်ထဲတွင်တော့ ကျည်တစ်တောင့်သာ
ကျန်တော့သည်။ အချိန်လည်း မရှိတော့သဖြင့်
သူ့၏ ညာဘက်လက်တွင် ကိုင်ထားသည့် ကျည်ကပ်မှ ကျည်များကို ဖြုတ်လိုက်ပြီး ဘယ်ဘက်လက်ကလည်း
အလျင်အမြန် သေနတ်အသစ်တစ်လက် ကောက်ယူပြီး မောင်းပြန်တင်လိုက်ပြန်သည်။
ဖြစ်စဥ်တစ်ခုလုံးက ၀.၅စက္ကန့်လောက်ပဲ ကြာပြီး
အချိန်အလုံအလောက် ရှိပုံမရသည့် အမျိုးသားက စိတ်မပါစွာ ငါးချက်ပစ်လွှတ်လိုက်ပြန်သည်။
သို့သော်လည်း အဆုံးတွင်တော့ ပစ်မှတ်၏
မျက်လုံးများသို့ ထိမှန်ဖောက်ဝင်သွားပြီး ကျည်များ
ပြုတ်ကျသွားခဲ့သည်။သေနတ်သံ ရပ်တန့်သွားသည့်အခါတွင်တော့
စက်မှ အမျိုးသမီးအသံထွက်လာပြီး ရလဒ်များကို
ထုတ်ပြန်တော့သည်။"ရွေ့လျားနေသော ပစ်မှတ်များကို အပစ်လေ့ကျင့်ခြင်း ပြီးဆုံးပါပြီ။ အမျိုးအစား----တရားခံပစ်နည်း
လေ့ကျင့်ရေး၊ ကျင်းပရာနေရာ--အခန်း၁၊
အဆင့်-Aဆင့်၊ ထိမှန်သည့်အချက်--38ချက်၊
လက်ဖြောင့်မှု-100ရာခိုင်နှုန်း၊ ပျှမ်းမျှအချိန်မှတ်တမ်း--1.39စက္ကန့်၊စွမ်းဆောင်ရည်--A+။"လီယိုက တင်းမာနေသော ကြွက်သားများကို
တဖြည်းဖြည်းချင်း ပြေလျော့ရင်း လက်ကသေနတ်ကိုချကာ ထုလုံးရှည်ပုံစံရှိပြီး တစ်မီတာကျော်ကျော်
နှာခေါင်းတစ်ဝက်ဖုံးသော သတ္တု နားကာကိုပါ
ဖြုတ်လိုက်သည်။ ကွန်ပျူတာမှ သူ၏
အပစ်စွမ်းရည်သည် စံချိန်အမြင့်ဆုံးတင်သည်ဟု
ထုတ်ပြန်ချက်ကို ရုတ်သိမ်းသည်ဆိုသော
ခလုတ်ကိုနှိပ်ကာ သူ့သေနတ်ကို ခါးကြားထဲ
ပြန်ထိုးထည့်ရင်း အပြင်သို့ပြန်ထွက်ခဲ့သည်။
YOU ARE READING
The Last Killer (Myanmar Translation)
ActionI don't own this novel.I just translate it and full credit to Original translator! Name- The Last Killer Original Author- 无射(Wú shè) အမှုတွဲ Total: 7ခု "လူတိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ရဲ့ကိုယ်ပိုင် မကောင်းဆိုးဝါးရှိတယ် စုံထောက်ကြီး မင်းမှာ ရောပေါ့"