chapter12 part2

173 33 2
                                    


ယာယီပူးပေါင်းတိုက်ခိုက်ခြင်း Part2

ရုတ်တရက် သေသူ၏ အိတ်ထဲမှ ဖုန်းသံထမြည်လာသည်။ လူငယ်လေးက အီဗန်ရဲ့အိတ်ထဲက ဖုန်းကိုကောက်ကိုင်လိုက်ရင်း ဘားတန်းပေါ်က နာမည်ကို ကြည့်ပြီး ဖုန်းဖြေလိုက်သည်။ အီဗန်၏ အစ္စရေးလေသံနှင့် အင်္ဂလိပ်စကားကို တစ်ထပ်တည်းထွက်ကာ “ဘာမှမဖြစ်ဘူး! ကြိုးပြုတ်သွားလို့ ပြန်ပြင်နေတာ! ေသာက်ရမ်း စိတ်ရှုပ်စရာကောင်းတာပဲ!မင်းဒီအရေးကြီးတဲ့ကိစ္စကို မေးကိုမေးရမယ်ကွ!မင်းက ငါ့အစားသွားလုပ်ရမှာကို! “စစ်မက်မြင်း” ငါပြန်လာပြီး မင်းဖင်ကို ကန်တာ စောင့်နေလိုက်!”

သူဖုန်းချသည့် ခလုတ်ကိုနှိပ်လိုက်ပြီး သူ့အား အံ့သြသည့်မျက်လုံးများနှင့် စိုက်ကြည့်နေသော လီယိုအား စိုက်ကြည့်လိုက်ပြီး သက်ပြင်းချလျက်… “ကြည့်ရတာ မင်းကိုထွက်သွားဖို့ ပြောလို့လည်း မရဘူးဆိုတော့ အပေါ်တက်ပြီး သူ့ဖင်အတူတူ သွားကန်မလား?”

လီယိုက တည်ကြည်သည့် အသံဖြင့် ပြောလာသည်။ “သူ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် တန်ရာတန်ကြေးကို တရားဥပဒေက ချမှတ်လိမ့်မယ်။ သူလုပ်ခဲ့တာတွေအတွက် နောင်တတရားနဲ့ အပြစ်ကြွေးတွေအများကြီးဆပ်ရလိမ့်မယ်။ ဒါပေမဲ့ ကျည်တစ်တောင့်အောက်မှာ မနာကျင်ဘဲ သေဖို့တော့ ခွင့်မပြုဘူး”

“အား..ကောင်းတာပေါ့!အကျဥ်းချုပ်ပြောရရင်..မင်းဆိုလိုချင်တာက သူ့ကိုမသတ်ဘဲ လက်ထိတ်ပဲခတ်ဖို့ ငါ့ကိုပြောချင်တာပေါ့!အဲဒီနောက် သူ့ကို တရားခွင်ထဲ ခွေးတစ်ကောင်လို ဆွဲသွားကြမယ်။ အဲလိုလား?သူက လိမ်လိမ်မာမာနဲ့ အဖမ်းခံမယ်လို့ မင်းတကယ်ကြီးထင်နေတာလား?” သူက လှောင်ပြောလိုက်သည်။

“သူ့မှာ ပြေးစရာလမ်းမရှိတော့ဘူးဆိုရင် သူလက်နက်ချမှာပါ!မင်းသူ့ကိုသတ်ဖို့ ငါမင်းကို ခွင့်မပြုနိုင်ဘူး”

“သူက ခေါင်းမာမာနဲ့ ခုခံရင်ရော?”

“သူ့ကို ရှင်းလိုက်ကြတာပေါ့”

“ကောင်းတာပေါ့!ငါတို့နှစ်ယောက် ယာယီပူးပေါင်းနေပြီလို့ ငါတော့ထင်တာပဲ” ရှားချင်က ပြုံးလျက် ပြောလာသည်။ “ဒါဆိုပြောထားပြီနော်။ ငါအခုချိန်သာ ဘေးကင်းတယ်မလား? မင်းငါ့နောက်ကနေ နောက်ကျောကို သေနတ်နဲ့ထောက်ပြီး ရုတ်တရက် “မလှုပ်နဲ့!လက်မြှောက်ထား!” ပြောမှာ မဟုတ်ဘူးမလား?”

The Last Killer (Myanmar Translation)Where stories live. Discover now