စည်းကျော်ခဲ့သောချစ်ခြင်း Part-1

7.9K 235 0
                                    

ကောင်းကင်ကနေမိုးစက်ကလေးတွေ ဖြည်းဖြည်းချင်းကြွေကျလာသည်။ ဒီမိုးတွေကြားကျောင်းထိဝင်ရန်မှာလည်းမဝင်ရဲဖြစ်နေမိသည်။ ကျောင်းလမ်းတစ်ဖက်က ကားဂိတ်လေးမှာထိုင်နေရင်း ဆွေးနေတဲ့မိုးနဲ့အတူ ကျောင်းလေးကို ငေးကြည့်နေမိသည်။ ရုတ်တရက် အုံ့မိုးလာတဲ့ ထီးတစ်ချောင်း ဘယ်သူများပါလဲ အနောက်ကိုလှမ်းကြည့်လိုက်ချိန်မှာ ကျက်သရေရှိစွာဝတ်ဆင်ထားတဲ့ အဖြူအစိမ်းနဲ့ ဆရာမတစ်ယောက် အသားလေးကဖြူဖွေးပြီး မိတ်ကပ်ပါးပါးလေးနဲ့ နှုတ်ခမ်းနီ ဖျော့ဖျော့လေးကို ဆိုးထားသော နှုတ်ခမ်းဖူးဖူးလေး မိန်းကလေးချင်းတောင်ကြွေနိုင်လောက်တဲ့ အလှကြောင့် ကြောင်တောင်တောင်လေးကြည့်နေမိသည်။

" သမီးလေး ထီးမပါလို့လား မိုးတွေရွာနေတော့ ကျောင်းထဲဝင်မရဖြစ်နေတယ်ထင်တယ် "

" အဲလိုမဟုတ် ဟို မဝင်ရဲ..."
စကားမဆုံးခင်မှာပဲ ဆရာမက

" အော် သမီးလေးကကျောင်းသူအသစ်ထင်တယ် မကြောက်ပါနဲ့ ဆရာမနဲ့တူတူသွားမယ် လာ ဆရာမထီးကိုဆောင်း လိုက်ပို့ပေးမယ်နော် "

ဆရာမရဲ့ကြင်နာပြီးကူညီတတ်မှုတွေကြောင့် မသိမသာလေး ပြုံးလိုက်မိပြီး
" ဆရာမက ငါကိုအရမ်းဂရုစိုက်တာပဲ အခုမှတွေ့တဲ့လူကို အဲလူဘာဖြစ်နေမှန်းသိနေတယ် ထူးဆန်းလိုက်တာ "

အတွေးတွေလွန်လို့ ဆရာမကိုတောင်ပြန်ဖြေဖို့မေ့နေတာ

" ကျေးဇူးတင်ပါတယ်ဆရာမ "

" ရပါတယ် သမီး သမီးက ဘယ်အတန်းကလဲ "

" ၉တန်းကပါဆရာမ ဒီနေ့မှပြောင်းလာတာပါ မနေ့ကတော့ မေမေက ကျောင်းလာအပ်သွားပါတယ် "

" ဟုတ်ပါပြီ ၉တန်းက အဲအဆောင်ပဲနော် ဆရာမသွားတော့မယ် "

" ဟုတ် "
ဟုတ်တစ်လုံးဖြင့်သာနှုတ်ဆက်လိုက်မိသည်။ ဆရာမနမည်တောင်မမေးလိုက်မိဘူး။ ၉တန်းဆရာမသာဆိုရင် သိပ်ကောင်းမှာပဲ။ ဒီလို စိတ်သဘောထားကောင်းတဲ့ ဆရာမလေးနဲ့ စာသင်ချင်လိုက်တာ ကိုယ့်ဘာသာ စကားတွေပြောရင်း စာသင်ခန်းထဲရောက်လာသည်။

" ဟေ့ "
" နင်ကကျောင်းသူသစ်လား "
" ဟုတ် "
ရုတ်တရက် ထိုင်နေတဲ့ဘေးကကောင်မလေးက စမေးလာသည်။

" ငါ့နမည်က မြတ်နိုးမောင် နင်ကချစ်စရာလေး "

" မြတ်နိုးမောင်ရေ သွားစနေပြန်ပြီလား ဟိုကကျောင်းသူအသစ်ကလေးကို "

" ငါ မိတ်ဆက်နေတာပါဟ " " သူက နန္ဒာတဲ့ "
" နင်နမည်ကရော "

" ငါက မြတ်နိုးဖြူပါ ဖြူလို့ပဲခေါ်လို့ရတယ် "

" ဖြူနဲ့က နမည်ချင်းတူတယ်နော် မောင်နဲ့ဖြူပဲ ကွဲတာ "

" ဟုတ်ကဲ့ " ဖြူအတွေးထဲ ခုဏကဆရာမရဲ့ပုံရိပ်တွေကိုအမှတ်ရနေတုံး ဒါကြောင့် မြတ်နိုးမောင်အပေါ် အာရုံမစိုက်ခဲ့ပါ ။

x x x x x x

ကလောင် ကလောင်
ကျောင်းတက်သွားပြီ တအောင့်နေတော့ ဆရာမတစ်ယောက်အခန်းထဲ ဝင်လာသည်။ အနောက်ကလည်းဆရာမတစ်ယောက်ပါလိုက်လာတော့ ကြည့်လိုက်မိသည်။

" အယ် ခုဏက ဆရာမပဲ ဘာလဲ ငါတို့အခန်းကိုသင်ရမှာလား ဒါပေမယ့် လက်ထဲမှာ စာအုပ်တွေလည်း မပါဘူး အခုလိုဝင်လာတော့လည်း အပြုံးလေးကချိုလို့ ပါးချိမ့်လေးနဲ့ ချစ်စရာလေးပါလား ဆရာမရယ် အတန်းပိုင်သာ ဖြစ်မယ်ဆိုရင် ဒါတို့တွေတွက် ဘုရားပေးတဲ့ရေစက်ပဲ "

👉next👈

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now