စည်းကျော်ခဲ့သောချစ်ခြင်း Part-2

3.4K 154 2
                                    

ဖြူကတော့ ထိုဆရာမကိုပဲကြည့်နေပေမယ့် ဖြူ့ကိုပဲကြည့နေတဲ့ လူတစ်ယောက်ရှိတာ ဖြူမသိဘူး။

" ဆရာမကတော့ ဒေါ်ကြည်ပြာလင်းပါ ကလေးတို့အတန်းပိုင်ပေါ့ ဒါကတော့ဆရာမဒေါ် မိုးမြင့်ကြယ်ပါ ကလေးတို့ကို မြန်မာစာသင်ပေးပါလိမ့်မယ် အခုတစ်ချိန် ဆရာမအစားဝင်ပေးမှာမို့ မြန်မာစာ စာအုပ်ထုတ်ထားပါ "

" မိုးရေ လင်းသွားတော့မယ်နော် ကူညီပေးပါအုံး လင်းရဲ့အခန်းကို ဒီနေ့ရဲ့ မြန်မာစာချိန်ကို လင်းဝင်လိုက်မယ်နော် "

" ရပါတယ်လင်းရယ် လင်းကမိုးတို့ကိုယ်စား မြို့နယ်ရုံးသွားရမှာဆိုတော့ မိုးကတောင်ကျေးဇူးတင်ရမှာ "

ဆရာမတို့နှစ်ယောက်စကားပြောနေသည်ကို ဖြူ မျက်တောင်မခတ်ကြည့်နေလေသည်။ ခဏတာတွေ့လိုက်ရပေမယ့် လမ်းဖြတ်ကူးချိန် တင်းကျပ်စွာ သူမလက်ကိုဆုတ်ကိုင်ပေးထားသော ဆရာမ မိုးကို ရင်တွေခုန်နေခဲ့သည်။

x x x x x x x

နေ့လည် ထမင်းစားချိန်မှာ ကိုယ့်ခုံမှာကိုယ်ထိုင်စားနေသည်။ အနေအေးတဲ့သူဖြစ်တာကတစ်ကြောင်း ကျောင်းသူအသစ်လည်းဖြစ်တော့ အားလုံးကိုရှိန်နေမိသည်။

" ဖြူ မောင်နဲ့အတူစားမယ်လေ "

" ဟမ် "
ဖြူ စွန့်အသွားမိသည် ကြားလိုက်မိတဲ့ကိုယ့်နားကိုယ် မယုံချင်ဘူး

" အံ့သြ သွားတာလား ငါက စတာပါဟ ငါနမည်က မြတ်နိုးမောင်ဆိုတော့ မောင်လို့နောက်လိုက်တာပါ "

တကယ်တော့ မြတ်နိုးမောင်ဆိုတဲ့ ကောင်မလေးကလည်း ဖြူကိုမြင်မြင်ချင်း ချစ်နေမိသည်။ သူစိတ်ထဲကနေ ခေါ်ချင်နေတဲ့အတိုင်း ခေါ်လိုက်ခြင်းဖြစ်သည်။စာသင်နေတဲ့တောက်လျောက်လည်း ဖြူကိုပဲ ကြည့်နေခဲ့တာဖြူ မသိရှာဘူး။

" နင်ကစကားနည်းတယ်နော် ပြန်လည်းမပြောပါလား "
" ဟုတ် ဒီတိုင်းပဲနေတတ်လို့ပါ ​ပြောစရာမရှိဘူးဆိုတော့ "
" အေးပါ ဒါဆိုလည်း ငါတို့သူငယ်ချင်းဖြစ်သွားနော် "

" ငါလည်းပါတယ်လေ ငါကိုချန်မထားနဲ့ "
နန္ဒာမှ ထပြောလိုက်သည်။

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now