Part 8

1.9K 90 3
                                    

" ညီမက ဟိုးတစ်ခေါက်က သမီးလေးကို ကယ်ပေးတဲ့သူမလား ဘယ်လိုဖြစ်ပြီး ဆေးရုံမှာဘယ်သူ ဘာဖြစ်လို့လဲ "

" လင်းနဲ့ လိုက်ခဲ့ပါ "

တံခါးလေးဖွင့်လိုက်တဲ့အချိန်
" သမီး "

ဖြူအနားကို အပြေးသွားပြီး
" ဘယ်လိုနေသေးလဲ "

မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ မိုးကို မြင်လိုက်တော့
" ညီမက....."

" မြတ်နိုးဖြူရဲ့ဆရာမပါ "

" ဒါဆို ဒီတစ်ခါလည်း ညီမလင်း က ကယ်လိုက်ပြန်ပြီလား ညီမက..."

" လင်းက သမီးရဲ့ အတန်းပိုင် "

" အော်ဖြစ်မှဖြစ်ရလေ ရေစက်ကလည်း တယ်ကြီးသကို "

" မေမေ ဘာ‌တွေလဲ ဆရာမနဲ့မေမေနဲ့ကသိနေကြတာလား "

လင်း တချက် ပြုံးလိုက်သည်။

" ဒါ သမီးကို ကယ် ပေးတဲ့ မမ ဆိုတာပဲ "

" ရှင် " ဖြူ လည်း လုံးဝမထင်ထားမိတာ ဖြစ်သွားသည်။ ဒါကြောင့် ဆရာမက အရင်တည်းက သိသလိုမျိုး လိုက်ဂရုစိုက်နေတာကိုလို့ တွေးမိသည်။

" ညဘက်ကြီးရေသွားကူးပြီး ရေနစ်နေတာ သမီး ဆရာမက ပဲ ကယ်ပေးတာ အမေတို့လည်း ပူထူပြီးလိုက်ရှာတာ ဆရာမနဲ့ တွေ့ပြီး ဆရာမ သူကယ်ပေးထားကြောင်းပြောပြီး
ကောင်မစုတ်လေး ဆရာမ ကုတင်ပေါ်မှာ အိပ်နေတာ သိုးလို့ "

" ဆရာမ သမီးကိုမှတ်မိရဲ့သားနဲ့ ဘာလို့မပြောပြတာလဲ "

" အချိန်တန် သမီး သိရမှာပဲလေ အခုဆို သိပြီပဲလေ "

မိုး ဟိုကြည့်ဒီကြည့်နဲ့ လင်းက ကလေးရဲ့အသက်သခင် ကျေးဇူးရှင်မှန်း သိလိုက်ရသည်။ မိုး မျက်နှာငယ်လေးနဲ့ ဒီမှာ ငါကို မလိုအပ်တော့ပါဘူးလေဟုတွေးကာ

" မိုး အောက်မှာဆင်းပြီး မနက်စာသွားစားလိုက်အုံးမယ် "

" ဟုတ် ဆရာမကိုလည်း ကျေးဇူးတင်ပါတယ် ဆရာမတို့ကို ပင်ပန်းစေခဲ့ပြီ "

" မဟုတ်တာ အမရယ် မိုးတို့ကလည်း မိုးတို့ရှေ့တင် ကျောင်းမှာ ဖြစ်သွားတာ ဆိုတော့ မိုးတို့မှာလည်း တာဝန်ရှိပါတယ် "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now