Part 25 Unicode

1.3K 72 3
                                    

ကျောင်းရောက်တာတောင်တစ်လပြည့်တော့မယ် ပုံမှန် ကားနဲ့လာပြီ အပြန် လင်းကို ဝင်ကြိုရတယ် စာသ်ရတာလည်းအဆင်ပြေသလို ကလေးတွေကလည်းလိမ္မာကြတယ် ဖြူပြောစကားကို ‌နားထောင်‌တယ် ကောင်မလေးတစ်ယောက်ဆို ဖြူကိုခင်ရှာတယ် သူက နှစ်အောက်ထားတော့ ဖြူနဲ့သိပ်မကွာဘူး ဖြူရောက်ကာစက သူပုံစံကဂျစ်ကန်ကန်နဲ့ ‌စာလည်းမလုပ်ဘူး ဖြူမနည်းပုံသွင်းရတယ် ဒါပေမယ့် အခုတော့သူကစာသေချာလုပ်နေပါ့ရဲ့

" ကြည်ပြာမောင် ဘာငေးနေတာလဲ စာရေးလေ "
ဖြူပြောတဲ့ကလေးမပေါ့ တစ်ချက်ချက်ဖြူကိုကြည့်နေတာ မျက်တောင်မခတ် တစ်ခါတစ်လေကျ ဆိုးတယ် ဖြူပြောရင်တော့ လိမ္မာပါရဲ့

" ရေးပြီးပြီလေ ဆရာမ " သူက စာသာမလုပ်တာ တော်တာတော့သူများထက်တော်တယ်

" ပြီးရင် လာပြလေ "

လာတဲ့ပုံစံကိုက မင်းကြီး ပဲ ကြွချီလာသလို မိန်းကလေးလို့ နွဲ့နွဲ့ပျောင်းပျောင်းလည်းမရှိ

" ဆရာမ ဒီမှာပါ စာအုပ် ဒါနဲ့လေ သမီးဆရာမကို ပြောစရာရှိလို့ "

ကြည်ပြာမောင်က ဆရာမကို အိမ်မှာပါသင်စေချင်နေတာ ဒါပေမယ့် ဆရာမ လက်မခံမှာစိုးလို့ မပြောရဲခဲ့တာ အခုတော့ပြောကြည့်မယ်

" ဆရာမ သမီးကို အိမ်မှာကျူရှင်သင်ပေးပါလား "

" ဟမ် ဆရာမကိုလား "
ဖြူကို ဒီလိုခေါ်လိမ့်မယ်လို့မထင် ဖြူကျူရှင်လည်းမသင်ဖူးဘူး ကိုကို( လင်း ) က ခွင့်မပြုမှာလည်းစိုးတယ်

" ဆရာမ စဉ်းစားပေးမယ်နော် "

" ဟုတ် သတင်းကောင်းလေးပဲ မျှော်နေမယ်နော် ဆရာမ "

" အေးပါ ကွယ် " ကလေးမ ပျော်သွားပုံပဲ ဖြူလည်းသင်ပေးချင်ပါတယ် ဒါပေမယ့် သူက အတန်းပိုင်ကို ခေါ်သင့်တာ သူတို့အတန်းပိုင်က မိုးပဲလေ ဒါကြောင့်မိုး ကို မကျော်ချင်ဘူး

နေ့လည်စာ ကျောင်းဆင်းတော့ ဖြူ ထမင်းစားပြီး သန့်စင်ခန်းခဏ သွားပြီပြန်လာတော့ ဖြူခုံပေါ်မှာ မုန့်ဘူး တစ်ဘူးနဲ့

" ဆရာမလေးကိုခုနက ကောင်မလေးတစ်ယောက်ပေးသွားတာလေ ဆရာမလေးကတော့ကံကောင်းတယ်ဟေ့ "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now