Part 24 Unicode

1.4K 71 3
                                    

အခုမှကျောင်းရောက်တာဆိုတော့ ဆရာမကြီးနဲ့အရင်တွေ့ရသည်။ ထမ်းဆောင်ရမယ့်တာဝန်တွေနဲ့ စာရင်းတွေ စာရွက်စာတမ်းတွေနဲ့ တစ်မနက်လုံး အလုပ်ရှုပ်နေရသည်။ ဖြူ နေရမယ့် နေရာကို ဆရာမ နွယ်က လိုက်ပြပေးသည်။

" ဒါ ဆရာမတို့ နားနေခန်းလေးပေါ့ ၉တန်းက ဆရာမ​ေတွကဒီမွာ ပစ္စည်းတွေထားပြီး အားတဲ့အချိန် အမှတ်ခြစ်ရ နားရတယ် "

" ဟုတ်ကဲ့ပါ ဆရာမ "

ဆရာမနွယ်ကတော့ အတော်ကိုသဘောကောင်းသည်။ တစ်ကျောင်းလုံး ဘယ်နေရာက ဘာဆိုတာအသေးစိတ်လိုက်ပြသည်။ ဖြူကိုတော့ အခုမှဆရာမဖြစ်တာဆိုတော့ Dခန်းကိုပေးထားသည်။ ကိုယ်လည်း ကလေးတွေကိုသင်ဖို့ အများကြီးလေ့လာခဲ့သည်။ ( စည်းကမ်းတင်းကြပ်မယ့်ဆရာမလေးအဖြစ်ပေါ့ )

" မိုးရေ ဒီဆရာမေလးကို မိုးထိုင်တဲ့ဘေးနားထားပေးပါ မိုးဘေးနား နေရာလွတ်လေးရှိနေတော့ မိုး အဆင်ပြေတယ်မလား " ၉တန်းအတန်းချုပ် ဆရာမ ဒေါ်ရွှေထိပ်ထားမှ ပြောလိုက်သည်။

" ရပါတယ် ဆရာမ " မိုးကေတာ့ သိပ်မကြိုက်ချင် သူကိုဘေးနားမှာ ဘယ်လိုစိတ်နဲ့ထားရမလဲ ရှောင်လွှဲလို့လည်းမရ ခက်သည်။

" အော် သမီးတို့ရောက်လာကြပြီလား " ဖြူနဲ့ဆရာမနွယ်တို့ ဘာသာရပ်ကိစ္စလေးပြောပြီးပြန်လာတာဖြစ်သည်။

" ဟုတ်ကဲ့ဆရာမ ဘာများခိုင်းစရာရှိလို့လား " ဖြူက အမြဲရိုသေပါတယ် အားလုံးက ကိုယ်အမေအရွယ်တွေဆိုတော့ သားသမီးသဖွယ် ပြုလုပ်ပေးသင့်သည်ထင်သည်။

" ခိုင်းစရာမရှိပါဘူး ဒါ ဆရာမဒေါ် မိုးမြင့်ကြယ် သမီးသူဘေးနားမှာ ထိုင်ပေးပါနော် သမီးပစ္စည်းတွေအဲခုံမှာချထားလို့ရတယ် "

ဖြူ နည်းနည်းတော့အံ့သြမိတယ် ရေစက်တွေကမကုန်နိုင်ပါဘူး မိုးလည်း ဒေါ်ရွှေထိပ်ထားအပြောကြောင့် စိတ်အနည်းငယ်ညစ်နေမိသည်။

" ဟုတ်ကဲ့အခုလိုဂရုစိုက်ပြီး နေရာလေးလုပ်ပေးလို့ကျေးဇူးတင်ပါတယ် ဆရာမ လိုအပ်တာရှိရင်ပြောပါ သမီးကူညီပါ့မယ် "

" အေးအေး သမီး "

နောက်တစ်နေ့နံနက်ခင်း
ယနေ့စာ စသင်ရမည်ဆိုတော့ စိတ်လှုပ်ရှားနေသည် ကလေးတွေအပေါ် ပညာအစုံပေးအပ်ပြီးသင်ပေးသွားမည်။ ဖြူမနေ့က လင်းကိုမိုးနဲ့တွေ့ကြောင်းမပြောပြဖြစ် မပြောရဲတာကပိုမှန်သည်။ တစ်နေ့တော့ ဖွင့်ပြောမှဖြစ်မည်။

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now