Part 27 Unicode

1.4K 77 6
                                    

ဖြူ က ကြည်ပြာမောင်ဆီမှာအဆင်ပြေစွာနဲ့ စာသင်ခဲ့တယ် ကြည်ပြာမောင် အိမ်ကိုလင်းက အပြန်လာကြိုရတယ် ဖြူအတွက်ကတော့ နားချိန်သိပ်မရှိဘူး တစ်ခါတစ်လေ လင်းက ဖြူပင်ပန်းမှာစိုးလို့ ညစာလုပ်ပေးထားတယ်

" ဆရာမက ဆရာမလင်းနဲ့တူတူနေတာလား "

" ဟုတ်တယ် "

" ဆရာမ နဲ့ ညီအမလား "

" မဟုတ်ဘူး "

" အော် ဆရာမ မနက်ဖြန် အားလား သမီးမွေးနေ့လာခဲ့ပါလား "

" ဟုတ်လား ဆရာမကို ကြိုလည်းမပြောဘူး လာခဲ့ပါ့မယ် "

"တကယ်နော် ဆရာမ! party ပွဲဆိုတော့ ည7 နာရီလောက်‌လာပေးနိုင်မလား "

" ဆရာမ မေးကြည့်လိုက်ပါ့မယ် ညဘက်ဆိုတော့ ဟိုကခွင့်မပြုမှာစိုးလို့ "

" အော် ဆရာမလင်းကို သမီးပြောပေးမှာပေါ့ "

" သမီးရေ ဆရာမ ကို လာကြိုနေပြီ "

" ဟော မေမေလှမ်းခေါ်နေပြီ သမီးပြောပေးမယ် လာလာဆရာမ "

" ဖြည်းဖြည်းလုပ်ပါသမီးရယ် "

" ဆရာမလင်း! သမီး ကြည်ပြာမောင်ပါ မနက်ဖြန် သမီးမွေးနေ့မို့ ဆရာမကို လာခိုင်းပါနော် "

" ရပါတယ် သမီး "

" ဒါဆို မနက်ဖြန် ည ၇နာရီလောက် သမီးကိုယ်တိုင် ဆရာမကို လာခေါ်မယ် နော် ဆရာမလင်းလည်းလိုက်ခဲ့ပါ "

" မလိုက်တော့ပါဘူး သမီးဆရာမပဲ သွားပါစေ "

" ဟုတ်ကဲ့ "

" ဒါဆို ဆရာမ ပြန်တော့မယ်နော် စာတွေကျက်ထားအုံး "

" ဟုတ်ကဲ့ပါ ဆရာမ 😘 "

######

ဒီနေ့ ကြည်ပြာမောင်တို့ မွေးနေ့ပွဲကြောင့် အလုပ်ရှုပ်နေကြတယ် စားသောက်ပွဲ အတွက် ပြင်ဆင်နေရတာနဲ့အချိန်တွေကုန်မှန်းမသိ ကုန်နေတယ် ညနေ ငါးနာရီလောက်ဖြစ်နေပြီ

" ကြည်ပြာမောင်ရေ ငါတို့ ဘာလုပ်ပေးရမလဲ "

" နင်တို့ရောက်လာပြီ လားအတော်ပဲ ဒီ ပန်းကန်နဲ့ ခွက်တွေကို ခြံထဲယူသွားပေး ငါ ရေချိုးလိုက်အုံးမယ် "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now