သွေးအိုင်ထဲ လဲနေတဲ့ ဖြူကို ပွေ့ပိုက်ကာ မိုး ငိုကြွေးမိလေသည်။
" ဆရာမ အစား ဘာလို့ ဝင်ခံရတာလဲ ကလေးရယ် ကလေးထက် ဆရာမက ပိြုပီး ကလေးဆန်မိခဲ့တယ် ဆရာမကို ခွင့်မလွှတ်ပါနဲ့နော် "
ကျောင်းထဲကဆရာမတွေလည်း ထွက်လာကာ ကျောင်းရှေ့လမ်းမ မှာ မိုးတစ်ယောက် ငိုကြွေးနေတာကို တွေ့လိုက်သည်။
" မိုး ဘယ်လိြုဖစ်တာလဲ လင်းကိုပြေါပါ"
" ကလေး...ကားတိုက်ခံရလို "
မိုးထစ်ထစ် နဲ့ ပြေါလိုက်တဲ့ စကားကြောင့် လင်း မျက်လုံး အပြူးသားနဲ့" သမီး "
ဖြူကို မြင်လိုက်ရတဲ့ လင်း ခဗျာ တော်တော်လေးကို ထိတ်လန့်သွားသည် ။" မိုး အပြစ်တွေပါ မိုး သာ ထွက်မပြေးခဲ့ရင် ဒီလိုမဖြစ်ဘူး "
" ကလေးရယ် မိုးကို ထားမသွားပါနဲ့နော် "
မျက်ရည်တွေက အဆက်မပြတ် ကျနေသော်လည်း ရင်ထဲက နာကျင်မှုတွေက ပိုလိုတောင် ဆိုးပါသေးတယ်" ဆေးရုံအမြန်ပို့ရမယ် လင်းကားနဲ့သွားမယ် "
လင်း ဝတ်ထားတဲ့ အနွေးထည် ကို ချွတ်ကာ သွေးထွက်နေတဲ့နေရာကို စည်းပေးလိုက်သည်။
မိုးလည်း စိတ်လွတ်နေတဲ့လူ ဖြစ်နေသလိုပဲ လင်းနဲ့မိုး ဆေးရုံကို အမြန် သွားကြရ ရှာသည် ။
လင်းက စိတ်ဓာတ်ခိုင်မာသူမို့ သိသိချင်း မျက်ရည်တွေဝဲကာ ခံစားရပေမယ့် သူပါငိုလိုက်လို့မဖြစ်မှန်းသိသည် ။ လိုအပ်တာတွေကို အသေးစိတ်လိုက်လုပ်ပြီး ဖြူ အမေကို လှမ်းအကြောင်းကြားလိုက်သည်။
ခရီးဝေးရောက်နေတဲ့အတွက် ချက်ချင်းပြန်လာလို့မရနိုင်တော့ လင်း လည်း ထူပူသွားသည် ။
" မိုးကလည်း ကလေးဘေးမှာ တစ်ချိန်လုံးငိုနေပါလား သူလည်းတော်တော် ခံစားရနေတာပဲ "
" မိုးရယ် မငိုပါနဲ့တော့ မိုးအပြစ် မဟုတ်ပါဘူး "
" မိုးအပြစ် မိုးသူကို အရမ်းချစ်လွန်းလို့ သဘောထားသေးမိခဲ့တယ် အခုတော့ ကလေးမှာ ဒဏ်ရာတွေနဲ့ အခုထိတောင် သတိမရသေးဘူး "
" လင်းလည်း ဒီတစ်ခေါက်သူကို အချိန်မှီ မကယ်လိုက်နိုင်ဘူး "
လင်း မျက်ဝန်းထဲက မျက်ရည်စ တွေက တိုးထွက်လာသည်။
YOU ARE READING
စည်းကျော်ခဲ့သောချစ်ခြင်း
Short Story" တို့အတွက် တားမြစ်ထားတဲ့ တံတိုင်းတွေကို ဖြတ်ကျော်နိုင်မလား ဟင် "