Part 12 Unicode

1.2K 73 3
                                    

" သမီး ခဏနားလိုက်အုံးနော် "

" ဆရာမ ဆန်ပြုတ်သွားပြုတ်ပေးမယ် "

" ဟုတ် ဆရာမလင်း "

" ကလင်ကလင် !!"

" ဘယ်သူပါလိမ့် အော် အချစ်ပါလား ရိုက်တုံးကရိုက်ပြီးတော့ မကိုင်ဘူးသွား စိတ်ကောက်မယ်"

" ကလေးက စိတ်ဆိုးသွားတာများလား ဒီလောက်ခေါ်နေတာကို 10 callsရှိနေပြီ ဆေးရုံမှာလား အိမ်မှာလားမသိ "

" ဟယ်လို လင်း ကလေး သတိရပြီလား အခုဘယ်မှာလဲ အိမ်မှာလား "

" ဖြည်းဖြည်းမေးပါ မိုးရယ် သမီး စာလုပ်ချင်လို့ ဆေးရုံကဆင်းလာပြီ အိမ်မှာပဲ "

" ဒါဆို မိုးလာခဲ့မယ် "
🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️

" ကလေး အပေါ်ထပ်မှာမလား "

" ဟုတ်တယ်မိုး "

" ကလေး သက်သာရဲ့လား"

" မသက်သာဘူး ရင်ထဲကပိုနာတယ် အချစ်ရဲ့အပြစ်ဒဏ်တွေကို ခြေထောက်ကခံနိုင်ပေမယ့် အချစ်ပြောလိုက်တဲ့ စကားလုံးတွေက ကလေးနှလုံးသားကို အက်ကွဲစေတယ်"

" ကလေးရယ် မိုး က ကလေးကောင်းဖို့ပါ "

" လာမဖက်နဲ့သွားပါ "

"မိုးကြောင့်နဲ့ပဲ ကလေးဆေးရုံရောက်တာ နှစ်ခါရှိပြီ ကလေးအသက်ကိုတောင် စတေးပြီး မိုးကို ကယ်ပေးခဲ့တာ ဒီတစ်ခါတော့ မိုးနာကျင်စေဖို့ မရည်ရွယ်ပါဘူး "

" ရည်ရွယ်ပါတယ် အချစ် ရိုက်ရက်ခဲ့တယ်လေ လဲကျလုဆဲဆဲ ဖြစ်တာတောင် အချစ် ဆက်ရိုက်ခဲ့တာပဲ "

" မဟုတ်ဘူးကလေး ကလေးမှားနေပြီ"

" ဟုတ်တယ် ကလေးကပဲမှားတာ ဟုတ်ပြီလား မငိုပါနဲ့ ကလေးအတွက်နဲ့ မျက်ရည်ကျစရာ မလိုပါဘူး "

" မိုးအပေါ် စိမ်းကားသွားပြီလား မိုးကို မချစ်တော့ဘူးလား "

" ဒီအချိန်မှာ ကလေးမပြောနိုင်ဘူး "

" ဒါဆို မိုးကို မုန်းသွားပြီလား "

" အဲလိုမဟုတ်ပါဘူး စာလုပ်ပါရစေ "

" မနက်ကတကယ်ပဲမရတာလား ကလေးညာခဲ့တာလား "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now