Part 19 Unicode

1.3K 78 8
                                    

မိုးဖွဲလေးတွေကျလို့ နေလည်းပူမလာ မိုးကလည်းဆက်မသည်း ဒီတိုင်းလေးပဲ တဖွဲဖွဲနဲ့ ရွာသွန်းနေဆဲ ဖြူရင်ထဲမှာ မိုးဖွဲလေးတွေလို တဖွဲဖွဲ ငိုကြွေးနေမိသည် မှောင်မိုက်နေတဲ့ ဒီလမ်းမကြီး လိုပဲ ပြန်လာတဲ့တစ်လျှောက်လုံးလည်း ဖြူကိုအမှောင်ထုကြီးဖုံးနေသလိုပဲ
ဒါကိုလှမ်းကြည့်နေတဲ့ ဖြူ့အမေကတော့ သူ့သမီးရဲ့ မရွှင်မပြ မျက်နှာကိုကြည့်ပြီးစိတ်မကောင်းဘူး

" သမီး အမေတို့ရှေ့နားကျရင်ညစာဝင်စားရအောင်နော် "

" ဟုတ် "

" အော်သမီးရယ် အဲလောက်တောင်စိတ်မကောင်းဖြစ်နေရသလား အဲလိုမှန်းသိရင် ပြန်လာပြီးမှမေမေပြောလိုက်သင့်တာ "ဆိုပြီး ကိုယ့်ကိုကိုယ်ည ည်းတွားနေမိသည်

ညစာ စားတော့လည်း ဟုတ်တိပတ်တိမစား တစ်ဇွန်းနှစ်ဇွန်းပဲ စားတယ်

" သမီးရယ်ခက်ပါလား ဒါဆိုအမေ မပြောင်းဘဲနေလိုက်ရမလား "

" ရှင်တကယ်လားမေမေ "

" တကယ်ပေါ့သမီးရယ် သမီးစိတ်ဆင်းရဲပြီးနေရမှာကိုမေမေ မလိုလားပါဘူး သမီးလေးစိတ်ချမ်းသာဖို့ပဲ အရေးကြီးတယ် ဟုတ်ပြီလား "

" ရေး...ပျော်လိုက်တာ "

အခုမှပဲ ဖြူကတော့ ပန်းပွင့်သွားတော့သည် ညိုးငယ်နေတဲ့ပန်းလေးက လန်းဆန်းစွာပြန်လည်ဖူးပွင့်လာသည်

" သွားကြမယ်သမီး "

" မေမေ မိုးတွေသည်းလာပြီနော် ပြီးတော့အရမ်းမှောင်လာပြီ "

" မေမေဘာမှမဖြစ်ပါဘူးမောင်းရဲပါတယ် "

အခုကျတော့ ကားထဲမှာ ခုန်ပေါက်မတတ်ပျော်နေလိုက်ရတာ ရင်ထဲပေါ့သွားတာပဲ

" မေမေ ကျေးဇူးတင်ပါတယ်နော် "

" အမယ် ဒီကလေးမလေးက ကျေးဇူးတွေဘာတွေတင်လို့ပါလား "

ကားမောင်းနေရင်းဖုန်းသံ ကြားတာနဲ့ ကိုင်ဖို့မလွယ်ဘူး အဲတာနဲ့ ယူပြီး သမီးကိုလှမ်းပေးလိုက်ရင်း ကွေ့ရမယ့်ဟာကိုမေ့ပြီး ရှေ့ကအရှိန်နဲ့ လာတာ

ဖုန်းလည်းအကိုင် " ဟယ်လို ဆရာမလင်း "

" သမီးတို့ဘယ်နားရောက်နေပြီလဲ "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now