စည်းကျော်ထားသောချစ်ခြင်း Part-4

2K 121 0
                                    

မိုးသက်လေပြင်းတွေကျကာ ထီးဆောင်းထားတာတောင် စိုကုန်ကြပြီ အိမ်ထဲကို အမြန်ပြေးဝင်ပြီး ဖြူလည်း ဆရာမကို အခန်းထဲပဲ ခေါ်လာလိုက်သည်။ မိုးလည်းတော်တော်အေးနေတာမို့ လက်လေးနှစ်ဖက်ကို ပွတ်တိုက်နေသည်။ ဒါကိုမြင်တဲ့ဖြူလည်း ဆရာမ အတွက် ရေနွေးအ​ပြေးသွားယူ ရှာသည်။

" ဆရာမ မိုး သောက်လိုက်ပါအုံး "
" ဆရာမ မပြန်သေးနဲ့အုံးနော် မိုးတွေအရမ်း သည်းနေတယ် "

" မိုးနည်းနည်းစဲရင် ဆရာမပြန်မယ်နော် ကလေး "

ဒီချိန်ဆို အမေနဲ့ အကိုလည်း မရှိလို့ မိုးတို့ နှစ်ယောက်တည်း ဖြူလည်း ဆရာမ တော်လောက်မယ့် အကျီ ထုတ်ပေးပြီး

" မိုးက စဲမယ့်ပုံမပေါ်ဘူး အစိုကြီးနဲ့မနေပါနဲ့ သမီး အကျီကတော်လောက်မှာ ဆရာမကိုယ်လုံးနဲ့တူတူလောက်ပဲဆိုတော့ "

" အားနာစရာကြီး ကျေးဇူးပါ ကလေးရယ် "

" ဟုတ် ဖြူ အပြင်မှာစောင့်​နေမယ် "

အကျီအပွင့် ပန်းရောင်လေးနဲ့ ဖြူရဲ့ ထမီလေးကို ဝတ်ဆင်ထားတဲ့ မိုးက သိပ်လိုက်ဖက်နေသည်။

" ဆရာမ နဲ့ လိုက်သားပဲ ကွက်တိ သမီး ခေါင်းသုတ်ပေးမယ် "

ဖြူ dryerနဲ့ မိုး ဆံပင်လေးတွေကို ဖြည်းဖွ စွာ ကိုင်ကာ မှုတ်ပေးနေသည်။

" ဆရာမ အိမ်က ဘယ်နားမှာလဲ "

" သိပ်မဝေးဘူးကလေး ဒီလမ်းဆုံးကနေ ညာဘက်ချိုးလိုက်ရင် အိမ်ရှေ့မှာ စံပယ်ပင်ရှိတယ် အဲတာ ဆရာမ အိမ်"

" အော် နီးသားပဲ "

" ဆရာမဆီ ခဏခဏ လာလည်လို့ရလား "

" ရပါ့ လာခဲ့ "

" ဟုတ် "

" မိုးတိတ်ပြီ ဆရာမပြန်တော့မယ်နော်ကလေး ကလေးအကျီကို လျှော်ပြီးပြန်ပေးမယ် "

" မဟုတ်တာ မပေးပါနဲ့ ဆရာမပဲ ဝတ်လိုက်တော့ "

" ဟုတ်ပါပြီ ကလေး တစ်ယောက်တည်းလား "

" ရှင် ဟုတ်တယ် အမြဲ ဒီလို "

" တစ်ယောက်တည်းဆို တံခါးတွေသေချာပိတ် ဆရာမ စိတ်မချဘူး "

" စိတ်ချပါ ဆရာမ လိုက်ပို့မယ် "

" မပို့ပါနဲ့ "

" အား မရဘူး ဖြူကိုယ်တိုင် မောင်းပို့ပေးမယ် "

" ပြောမရလေး မနိုင်ဘူး သဘောပါကွယ် "

ဖြူခြံတံခါး သေချာပိတ်ပြီး ဆိုင်ကယ်လေးနဲ့သွားကြသည်။ ​မိုးအိမ်ကို ဖြူ့သိပြီမို့ နောက်တစ်ခါလာရန် မှတ်မိသွားသည်။

xxxxxxx

" မနေ့က မိုးတွေ အရမ်းရွာနေတာ မိုးမိသေးလား "
လင်းမှ စိုးရိမ်တကြီးမေးလိုက်သည်။

" မိတယ်ဆရာမ ရပါတယ် အဆင်ပြေပါတယ် "

" နောက်ပြန်ရတာ အဆင်မပြေရင် ဆရာမ လိုက်ပို့ပေးမယ်နော် "

" ဟုတ် ကျေးဇူးပါ "
" ဆရာမက ငါကိုအရင်တည်းက သိနေသလိုပဲ ဆက်ဆံပုံက ထူးဆန်းတယ် "

" ဖြူရေ ဒါလေး..."

" အယ် လှလိုက်တာ ကျေးဇူးပဲနော် မြတ်နိုးမောင် ဖြူက နှင်းဆီကြိုက်တယ် "

" ပန်းပေးရင်အလှမ်းဝေးတယ် နော် မြတ်နိုးမောင်ရေ"

" ဟာ မိနန္ဒာကတော့ ငါကိုနောက်ပြန်ပြီ တစ်မျိုး မထင်နဲ့နော် ဖြူ "

" ဟုတ် ရပါတယ် "

x x x x x x x x x

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now