စည်းကျော်ခဲ့သောချစ်ခြင်းPart-3

2.3K 133 1
                                    

ကျောင်းဂိတ်ပေါက်ဝမှာစောင့်ရင်း ဖြူအလာကို စောင့်နေမိသည်။ သူအတွက် ပေးဖို့မုန့်ဗူးလေးကို ကိုင်စောင့်ရင်း မြတ်နိုးမောင် ခဗျာ လည်ပင်းရှည်နေပြီ။

" မြတ်နိုးမောင် နင်ဘယ်သူကိုစောင့်နေတာလဲ "
နန္ဒာ မေးလိုက်ပေမယ့် လှည့်တောင်မကြည့်ပဲ

" ငါ ဖြူ့ကိုစောင့်နေတာပါဟ "

" အမယ် နင်က ဘာလဲ သူကို သဘောကျနေတာလား"

" ဟမ် "

" ဟမ် မနေနဲ့ နင်ကြိုက်ရင်လည်း ဖွင့်ပြောလိုက်ပေါ့"

" ဟာ နင်ကလည်း ငါတို့က ခင်တာမကြာသေးတော့မကောင်းဘူးလေ အခွင့်အရေးယူသလိုဖြစ်သွားမှာပေါ့"

" အေးပါ နောက်မှ နောင်တမရနဲ့ "

" ဟိုမှာလာနေပြီ နင်တိတ်တော့ "

"နင်တို့ဒီနားမှာ ဘာရပ်လုပ်နေကြတာလဲ"

"နင်ကို စောင့်နေတာလေ ဟောဒီက မြတ်နိုးမောင်က နင်ကို.."

" ဟဲ့ နန္ဒာ "

" ငါက မုန့်ပေးမလိုစောင့်နေတာပြောမလိုပါ နင်ကဘာထင်လို့ တားရတာတုံး "

" နင်နော်"
မြတ်နိုးမောင်ကဆိုလိုက်ပြီး မုန့်ဗူးလေးကိုပေးလိုက်သည်။

" ကျေးဇူးပါနော် မြတ်နိုးမောင် "

" မောင်လို့ခေါ်ရင် သိပ်ကောင်းမှာပဲ ဖြူရယ် "
မြတ်နိုးမောင် တိုးတိုးလေး ရေရွတ်လိုက်သည်။

" လာ အခန်းထဲ သွားကြမယ် "

xxxxxxx

" ဆရာမ ဒီနေ့ စာမေးမယ်ပြောထားတယ်နော် Answer the questionတွေရပြီလား "

" ဟုတ် "

" တစ်ယောက်ချင်းမေးမယ် နောက်ဆုံးတန်းက နေစမယ် "

လင်း ဖြူကို နောက်ဆုံးမှ မေးမယ်ဆိုပြီး အနောက်ကနေ စခေါ်မေးလိုက်သည်။

" ဟဲ့ နန္ဒာ ဒါဘယ်လို အသံထွက်တာလဲ "

"နင်ကလည်း အခုမှ ငါလည်း မနေ့က မေ့နေတာနဲ့ သိပ်တောင် မရချင်ဘူး ဟိုမှာ ဖြူကိုမေးလိုက် "

မြတ်နိုးမောင် မဝံ့တရဲ ဖြူ့အနား ကပ်ကာ စာမေးလိုက်သည်။ ဖြူလည်း သေချာလေးပြောပြပြီး မှတ်ရလွယ်အောင် သုံးလေးခါလောက် ဖတ်ပြပေးသည်။

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now