Part 26 Unicode

1.3K 59 1
                                    

လက်လေးတွေချိတ်ပြီးလျှောက်လာတဲ့လမ်းကတကယ်ကြည်နူးစရာပဲလင်းပျော်တယ်

" ကို ဒီနေ့ဖြူ ကို့ကိုနာရီဝယ်ပေးမလို့ ကိုက DM watch ကြိုက်တယ်မလား "

" သွားတာပေါ့ "

နာရီဆိုင်ရောက်တော့ နာရီဒိုင်ခွက်သေးသေးနဲ့ အနားတွေမှာကျောက်ပွင့်လေးတွေပါတာ‌ အရမ်းလှတယ်

" ဒါလေးယူရအောင် "

ဟိုမှာဆရာမပဲ ဟေ့ သွားကြရအောင် ကြည်ပြာမောင်က ဆရာမကို ဘေးနားက မိန်းမတစ်ယောက်နဲ့အတူတွေ့လိုက်တယ် ဆရာမ ပုံကြည့်ရတာ ရယ်မောနေတာပဲ အမလေး ကျောင်းမှာကျ အမြဲတည်နေပြီးတော့ သွားနှုတ်ဆက်မှပဲ

" ဆရာမလေး ဘယ်လာတာလဲ "

" နာရီဆိုင်ပဲနာရီဝယ်ဖို့လာတာပေါ့ "

" ဆရာမကလည်းနော် "

လင်းက‌ကြည့်နေတော့ဖြူမိတ်ဆက်ပေးလိုက်တယ်

" ဒါဖြူပြောပြောနေတဲ့ ကလေးလေ ကြည်ပြာမောင်တဲ့ "

" ကလေးမ ကချစ်စရာလေးပဲ ဒီကလည်းဆရာမ ပါနော် "

" ဟမ် မောင် မသိဘူး ဆရာမလေး မောင် ဒီဆရာမကိုမ‌မြင်ဖူးဘူး "

အနောက်နားကနေ ရပ်နေရတဲ့ကြည်ပြာမောင်သူငယ်ချင်းတွေက အံ့ဩနေ ဟိုမှာ ဆရာမကိုမွှေနေပြီ သူကိုသူမောင်ဆိုပဲ

" ကြည်ပြာမောင် နင် ဆရာမနဲ့ နေခဲ့မှာလား ငါတို့သွားတော့မယ် "

" နေပါအုံး ဆရာမလေး မောင်တို့နောက်မှတွေ့မယ်နော် "
ပြောရင်းဆိုရင်း နှုတ်ဆက်သွားတဲ့ကလေးမက ဖြူလက်ကိုနမ်းသွားလေရဲ့

ဒါကိုကြည့်ရတဲ့ လင်းကတော့ မကျေမနပ်ဖြစ်နေ သူကိုသူမောင်လို့ သုံးပြီး လင်းရဲ့ တန်ဖိုးထားသူလေးလက်ကိုများနမ်းသွားတယ်

" ကို ရေ စိတ်လျော့ပါ ဟိုက ကလေးပဲကို "

" သူ ဖြူကိုကြိုက်နေတာများလား "

" မဟုတ်ပါဘူး သူကဖြူတပည့်ပါနော် "

" ဒါပေမယ့် ကိုတို့တုံးကလည်း ဆရာတပည့်မဟုတ်ဘူးလား "

" ကိုရယ် ဖြူကလေ ကလေးမဟုတ်တော့ဘူး ဖြူထိန်းနိုင်ပါတယ်နော် "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now