Part 17 Unicode

1.3K 74 3
                                    

" ဟဲ့ မပြေးနဲ့ ပြေသွားမှာပါ "

နိုင်ငံတော်သီချင်းဆိုပြီး ဘုရားရှိခိုးပြီးတဲ့အထိ ငိုနေမိတယ် ပြေးလာလို့ အသက်ရှုကျပ်တာ ဖြစ်လာတော့ အောင့်ခံနေတယ်

လင်းကလည်းမရိပ်မိခဲ့ဘူး ရုံးခန်းကခေါ်လို့လင်းသွားနေချိန်တော်တော်လေး ဖြစ်နေပြီ ဖြူနှုတ်ခမ်းတွေဖြူလျော့ပြီး သွေးအားနည်းနေသည်

ကိုယ်နေရာကိုယ်ထိုင်ပြီး အောင့်ခံနေချိန် လင်းကလည်း အရှေ့မှာ နမည်ခေါ်နေတယ် ကျောင်းတက်ပျက်စာရင်းလုပ်နေတော့ ဖြူကိုခေါ်လိုက်တဲ့ ကိစ္စတောင်မေ့နေသည်

" ဖူးပြည့်စုံ..  ရှိ...... မြတ်နိုးဖြူ... မြတ်နိုးဖြူလာလား"

" လာတယ်ဆရာမ သမီးဘာဖြစ်တာလဲ လာလာ ချွေးတွေရွဲနေတာပဲ ကျန်းမာရေးခန်းကိုခေါ်သွား နှလုံးဖောက်တာ ခံစားချက်တစ်ခုခုရှိလို့လား "

" ဟုတ် "

" ဟယ် ဖြူ ဘာဖြစ်တာတုံး "

အခန်းထဲရှိတဲ့ သချာ်ဆရာမရော အတန်းချုပ်ကပါဝိုင်းမေးပြီး စိတ်ပူသွားကြပြီ

" ဘာဖြစ်တာလဲ ကျောင်းထဲကလား ဖြစ်တဲ့သူက "
" ဟုတ်တယ် ဆရာမ "

" ဆရာမ ဒေါ်မိုးမြင့်ကြယ် "

" စိတ်ကိုလျော့ထား ဘာမှမတွေးနဲ့ ကောင်းသွားလိမ့်မယ်နော် "

" ဘယ်လိုဖြစ်တာလဲ သမီးရယ် "

" စာကြည့်တိုက်မှာ စာအုပ်ဖတ်မယ်ဆိုပြီးသွားတာ အဲ့ဆရာမနဲ့ တွေ့ပြီး ဖြစ်လာတာ "

" ဟိုကဘာတွေပြောလိုက်တာလဲ ကဲ ထားပါတော့ ဘာမှမတွေးနဲ့နော် "

" စိတ်လျော့ သမီး! !!!"

" ချစ်ခြင်း မုန်းခြင်းတွေက မထားတာကောင်းတယ် "

မနည်းအသက်ရှုနေရတယ် ဘေးနားမှာလည်း သူငယ်ချင်းတွေက ရှိပေးရှာတယ် မြတ်နိုးမောင်လည်း သူကို တစ်ချိန်လုံး ယပ်ခတ်​​နေတာ ဘုရားစာဆိုတဲ့သူကဆိုနဲ့

" ဆရာမ မိုးကလေ ငါနဲ့မဆိုင်ဘူးတဲ့ ငါနဲ့လာမပတ်သတ်နဲ့တဲ့ "

" ပြောရတာ ဖြူ အသည်းအသန်ဖြစ်နေလို့ နှလုံးဖောက်နေတယ်​ပြောတာကို လုံးဝမလိုက်ဘူး စာသင်ရမှာမို့လို့ စာသင်ချိန်တွေ ပျက်ကုန်မယ်တဲ့ "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now