Part 28 Unicode

1.9K 80 11
                                    

ကြည်ပြာမောင်က ဆရာမဖြူအလာကိုစောင့်နေတယ်
ဟိုမှာ ဆရာမ လာပြီပဲ ငါတောင်းပန်ရမယ်

" ဆရာမ.. ဆရာမ ..."

ကားပေါ်က ဆင်းလာပြီး လိုက်ခေါ်တာတောင် လှည့်မကြည့်ဘူး ကျောင်းအခန်းထဲကိုဝင်သွားတယ် ဆရာမက တော်တော်စိတ်ဆိုးနေပုံပဲ ဘယ်လိုလုပ်ရပါ့မလဲ

.........နေ့လည်မုန့်စားဆင်းချိန် .........

" ဟေ့ ငါလေ ဆရာမကိုသွားတောင်းပန်မလို နင်တို့လိုက်ခဲ့ပေးပါလား "

" ဟာ ကြည်ပြာမောင် နင်ဘာသာ သွားလေ ငါတို့ကို ကန်ထုတ်နေအုံးမယ် "

" စိတ်မပူပါနဲ့ အခု နှင်းဆီပန်းတစ်ပွင့်ရယ် နောက်ပြီး ဆရာမ ကြိုက်လောက်မယ့်မုန့်ရယ် နင်တို့က မုန့်တွေယူလာပေး "

" ဟုတ်ပြီ "

" ဆရာမ ဝင်ခွင့်ပြုပါ "

အတော်ပဲ ဆရာမ မြတ်နိုးဖြူတစ်ယောက်တည်းပဲရှိတာ

" ဝင်ခဲ့ "

ဝင်ပြီး ဒူးထောက်တောင်းပန်လိုက်တယ် လက်ထဲက နှင်းဆီပန်းကို ပေးရင်း...

" တောင်းပန်ပါတယ် သမီးကိုခွင့်လွှတ်ပေးပါ အရင်လိုပဲ တပည့်တစ်ယောက်အဖြစ် လက်ခံပေးပါ "

မသိရင် propose လုပ်နေသလိုပဲ ဒါကို လက်ဆေးပြီးအခန်းထဲဝင်လာတဲ့ မိုးက မြင်သွားပါလေရော ဖြစ်ချင်တော့ တခြားဆရာမတွေပါ ဝင်လာတော့ ဖြူအရမ်းရှက်သွားတယ် မထတဲ့ဒီကလေးကို ဘယ်လိုလုပ်ရပါ့မလဲ သူမြန်မြန်သွားအောင် ပဲ ခွင့်လွှတ်တယ် ဆိုပြီးပန်းကိုယူထားရတယ် မုန့်တွေပါလာပေးတာမို့

" ဆရာမတွေကိုပေးလိုက်ပါ အဲတာ ဆရာမကိုပေးတာနဲ့တူတူပဲ "

ကြည်ပြာမောင်လည်း
အပျော်ကြီးပျော်သွားပြီ ဆရာမက ငါကိုခွင့်လွှတ်တယ်တဲ့ မုန့်တွေကို ဆရာမတွေကို လိုက်ကျွေးတယ်
အတန်းမှူးဆရာမကတော့ ကိုယ့်ကို စနေတယ်

" အမယ်လေး ကြည်ပြာမောင်တို့များ ဆရာမလေးကို propose လုပ်ပြီး ငါတို့ကို မကျွေးစဖူး မုန့်တွေကျွေးနေပါလား "

" မဟုတ်ပါဘူး !!! "
မိုးရော ကြည်ပြာမောင်ပါ တစ်သံတည်းထွက်လို့အံ့ဩနေရ

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now