Part 11 Unicode

1.2K 74 4
                                    

ရွရွ=ပေါ့ပါးသွက်လပ်စွာ ..."

" ဖြူ ခက်ဆစ်တွေကျက်နေတာလား "

" ဟုတ်တယ်ကျောင်းတွေအရမ်းပျက်ထားတော့ စာတွေသိပ်မရသေးဘူး "

" စိတ်မပူပါနဲ့ နင်ကတော်ပြီသားပဲ "

" မတော်ပါဘူးဟာ ဆရာမ မိုး ဘာသာမှ မဖြေနိုင်ရင် ဆရာမက စိတ်ဆိုးမှာ "

" ငါလည်း မရတရပဲ စကားပြေတွေရောနေတယ် "

" ဟုတ်လား မနက်ဖြန်ပဲဖြေရတော့မှာကို ငါတို့တော့ ဟူး...."

" ဒါဆို ညနေကျ ငါ စာတူတူလာကျက်လို့ရမလား "

" ရပါတယ် မြတ်နိုးမောင် "

" ဆရာမလာပြီဟ ဒီနေ့စာမေးမယ်ပြေါတယ်နော် "

" ဟာ ပြူနာပဲ ဘာမေးမှာတဲ့လဲ "

" သဒ်ဒါတွေလေး "

" ငါမရသေး "

" ကလေးတို့ စာတွေရပြီမလား အခုမှ ကုန်းကျက်မနေကြနဲ့ စာအုပ်အကုန်ပိတ် စားပွဲပေါ်မှာ ဘာစာအုပ်မှ မမြင်ချင်ဘူး "

" သေပြီ ငါတော့ရိုက်ခံရပြီထင်တယ် "

" နင်ကိုတော့မရိုက်လောက်ပါဘူး သူကနင်ကိုသိပ်ချစ်တာပဲကို "

" သူက စာဆို ဘယ်သူမှ မျက်နှာသာ မပေးဘူး "

" ပြီးတော့ နည်းနည်းလည်း ပြူနာတက်ထားတာဆိုတော့"

" ထ ဆိုမယ် "

" ရှင် "

" ဆရာ..မ ဘာဆိုရမှာလဲ "

" ဟမ် ဒီကလေးတော့လေ အလ်ကာနဲ့ ရသ ၉ပါး မေးမယ်ပြေါထားတယ်လေ "

" သမီး မရဘူး ဆရာမ "

" ဘာ! !"

တစ်ခန်းလုံးဆရာမအသံကိြုကားပြီး လန့်သွားကြတယ်
" မရဘူးဆိုတော့ နင် မနက်ဖြန်စာမေးပွဲကို ဘာတွေဖြေမှာလဲပြေါ "

" စာမကျက်ပဲ အလေ လိုက်နေတာမလား "

" ဆရာမ သူသိပ်နေမကောင်းလို့ပါ "

" တိတ်စမ်းမြတ်နိုးမောင် "

" ပြေါ ဘာလို့မရတာလဲ "

မျက်ရည်တွေကသူအလိုလို ကျလာတယ် ဒါကို မိုး မြင်တော့ ရင်ထဲ မကောင်းဘူး ဒါပေမယ့် စာကျက်စေချင်တဲ့မိုးစိတ် စာမေးပွဲမှာ အကောင်းဆုံးဖြေနိုင်စေချင်လို့သာ ကလေးကိုမဆူချင်ပဲ ဆူနေရတယ်

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now