Part 9💕

1.3K 14 0
                                    

" သမီး "
" နိုးပြီးလား "

" ဟုတ်မေမေ ဆရာမ မိုးရော လာသေးလား "

" မေမေကိုဖုန်းဆက်ထားတယ် ဒီနေ့မလာဖြစ်တော့ဘူးတဲ့ အရေးကြီးလို့ သူ့အဒေါ်နဲ့လိုက်သွားရမယ်တဲ့ "

" ဟုတ်လား "

ဖြူ မျက်နှာလေးအနည်းငယ် ညှိုးငယ်သွားသည် ။

" သမီးလေး နိုးပြီးလား ဆရာမ မနက်စာဝယ်လာတယ် "

" အားနာစရာကြီးဆရာမရယ် တကူးတကကြီး မလုပ်ပါနဲ့ "

" ရပါတယ် အမသမီးက လင်းတပည့်ပဲ လင်းလုပ်ပေးရမှာပေါ့ နောက်ပြီး သမီးပြေါပြပြီးပြီးလား ဟိုဟာ "

" အော် မေမေ ဆရာမက သမီးကိုစာလည်းသင်ပေးမယ် အပြန်ကိုလည်း ဆရာမကားနဲ့ပဲလိုက်ပို့ပေးမယ်တဲ့ "

" သမီးရယ် ဆရာမကို ဒုက်ခတွေ ပေးလို့ ပင်ပန်းမှာပေါ့ သမီးဆရာမက "

" ရပါတယ် လင်းတွက်က စာသင်ရတာမပင်ပန်းပါဘူး သမီးကိုလည်း စိတ်ပူလို့ သူစာမေးပွဲအတွင်း အဆင်ပြေပြေ ဖြစ်စေချင်လို့ပါ "

" ကျေးဇူးပါပဲ ညီမရယ် အမက မအားတာနဲ့ သမီးကိုသေချာ ဂရုစိုက်ပေးဖို့ မလွယ်တော့ ညီမဂရုစိုက်ပေးတာ ကျေးဇူးပါ ညီမအပေါ် ကျေးဇူးတင်စရာလည်း များနေပြီ "

" မဟုတ်တာ လင်း သမီးကို မနက်စာကျွေးလိုက်အုံးမယ် အမ "

" ဖြူ သမီး ကြိုက်မယ်ထင်တာလေးတွေ ဝယ်လာတာ စားချင်တာရှိရင်လည်း ပြေါ ဆရာမသွားဝယ်ပေးမယ် ဒီနေ့က ပိတ်ရက်ဆိုတော့ တစ်နေကုန်နေပေးမယ်နော် ဖြူ "

" ဟုတ် ကျေးဇူးပါ ဆရာမ မလိုတော့ပါဘူး ဒီမုန့်တွေပဲစားတော့မယ် "

" ပေးပေး ဆရာမ ဖောက်ပေးမယ် ဟ ပါအုံး ဆရာမ ခွံကျွေးပါရစေ "

" အထဲက ဘာနဲ့လုပ်ထားတာလဲ ကြက်သားမဟုတ်ဘူး ထင်တယ်

" ဝက်သား "

ဖြူ ချက်ချင်းထွေးထုတ်လိုက်တော့ လင်းလည်း

" သမီး ဝက်သားမစားဘူးလား "

" သမီး ခြေလေးချောင်းရှောင်ထားတယ် ဆရာမ "

" အယ် ဆရာမ မသိလိုက်လို့ သမီး ဝက်သားစားလိမ့်မယ်ထင်ပြီး ဝယ်လာလိုက်မိတာ ဒါဆို ဆေးရုံ.အောက်ကဆိုင်မှာ တစ်ခုခုမှာပေးမယ် ဘာစားမလဲ "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now