Part 15 Unicode

1.3K 71 7
                                    

လင်း ဖြူကို အိမ်ထဲကနေ အပြင်ကိုခေါ်ထုတ်လာခဲ့တယ် ဖြူကတော့ အနောက်ကနေတကောက်ကောက်ပါလာတယ် လင်းက ဖြူလက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဒီတစ်သက်လုံး မင်းလက်လေးကို မလွှတ်တော့ဘူး လင်းရဲ့မျက်နှာမှာ ဖြူကိုဆုံးရှုံးရမှာစိုးတဲ့ပုံရိပ်တွေ ပြည့်နှက်နေတော့သည် ခြံဝရောက်တော့ ဖြူမေမေ ဒေါ်သက်သက်ဖြူနဲ့ တွေ့ပြီလေ လင်းမကြောက်ရွံပါဘူး ဖြူကိုရအောင်ခေါ်သွားမယ်

" ဆရာမ ဘယ်သွားမလို့ "

" သမီးကိုခေါ်သွားစရာလေးရှိလို့ "

" ဆရာမ ဘယ်သွားမလို့လဲ "

ဖြူ့အမေးကို လင်း လုံးဝမဖြေပါဘူး

" သမီးဂရုစိုက်သွား ဆရာမနဲ့စိတ်ချပါတယ် "

" ဟုတ်မေ "

" သမီး ကားပေါ်တက် "

" ဟုတ်ကဲ့ဆရာမ "

လင်းကားမောင်းနေစဥ်တစ်လျှောက်လုံး ဘာမှမပြောပါဘူး ဖြူ့အတွေးထဲ ဘယ်များသွားမလဲကို သိချင်နေတယ်

" သမီးဘာကြိုက်လဲ ဘာစားမလဲပြော "+
" ရတယ် မစားတော့ဘူးဆရာမ "

" မုန့်ဟင်းခါး ကြိုက်တယ်မလား မပူစူးဆိုင်ကအရမ်းကောင်းတယ်"

" ဟုတ် "
အတင်းခေါ်လာတာ မုန့်ဟင်းခါးကျွေးဖို့လား ဘာပါလိမ့်

" စားနှင့်နော် ပြန်လာခဲ့မယ် "

ဘယ်သွားအုံးမှာလဲ
မြန်မြန်စားလိုက်ပါ့မယ်လေ ဒါပေမယ့် ကုန်သွားသည်အထိ လင်းရောက်မလာ

တခဏအကြာမှာ လင်းလျှောက်လှမ်းလာတာကို တွေ့ရပြီ

" ဆရာမရော မစားဘူးလား "

" ဖြူ့ကို စားမှာလေ "

" ဟမ်ဘယ်လို စနေတာလား "

" အတည်ပြောတာ "

" သမီးပြန်တော့မယ် "

" နေပါအုံး ပိုက်ဆံရှင်းအုံးမယ် "

" သမီးကို ဘယ်ထပ်ခေါ်သွားမလိုလဲ "

" သိချင်ရင်လိုက်ခဲ့ "

လင်း ကားရဲ့အရောင်လေးက အနီရောင်လေး ပြောရရင် ဖြူ့အကြိုက်ပေါ့ လင်းနဲ့ ဖြူကအကြိုက်တူတာများတယ်

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now