Part 14 Unicode

1.3K 69 0
                                    

" ဆရာဆရာ နှလုံးခုန်နှုန်းပြန်တက်လာပြီ "

" ဟူး...."

" ကျေးဇူးတင်ပါတယ် ကလေးရယ် မိုးစကားတွေကြားတယ်လား မိုးကိုမထားခဲ့လို့ကျေးဇူးပါ "

" ဆရာမ အခုတော့ စိတ်ချရပြီ ဒါပေမယ့် ဆက်စောင့်ကြည့်စေချင်သေးတယ် "

" ကလေးက မနက်ဖြန်စာမေးပွဲနဲ့ဆရာ "

" မရတော့ဘူး မနေ့တုံးကလည်း အားသိပ်မပြည့်သေးပဲ စာမေးပွဲကိုဖြေတယ် ကလေးကအရမ်းအားနည်နေပြီ ဖြေဖို့မဖြစ်နိုင်ပါဘူး ဆရာမ "

" ဟယ်လို လင်း "

" သမီးက မိုးဆီမှာလား "

" ဟုတ်တယ် ခဏ "
!
" ဟုတ်ကဲ့ကျေးဇူးပါ ဆရာဒါဆို ကုစားပဲကလေးကိုဖြေခိုင်းရတော့မှာပေါ့  "

"ဟုတ် တစ်ပတ်ကျော်ကျော်လောက်သူကိိုအနားပေးစေချင်တယ် တစ်ခုခုဆိုကျွန်တော်ကိုလာခေါ်ပါ "

" ဟုတ်ကဲ့ "

" ပြောလင်း "

" သမီးက စာမေးပွဲဖြေပြီးတည်းကမရှိတော့လို့ "

" လင်း ကလေးက ဆေးရုံတင်ထားရတယ် "

" ရှင် ဘယ်လို"

" မိုးကြောင့်ပါပဲ ကလေး ရှော့ဖြစ်သွားတာ ကလေးကနှလုံးမကောင်းဘူးဆို လင်းသိနေတာလား "

" ဟုတ်တယ် မိုးစိတ်မကောင်းမှာစိုးလို့မပြောတာ ကျောင်းဆင်းမှ လင်း လာခဲ့မယ် "

" အေးအေး ဒါပဲနော်"

" ကလေးက စိတ်ခံစားချက်ပြင်းထန်ပြီး ဖြစ်သွားတာပဲ မိုးအတွက်နဲ့ပဲ ကလေးရယ် "

x x x x x x x
၄လ ကြာသော်...............
" ဆရာမတို့ စားပါအုံး "

" ဘာဟင်းချက်လဲ လာလေတူတူစားတာပေါ့ "

" ချဥ်ပေါင် ပုဇွန် "

" ဆရာမက ချဥ်ပေါင်အရမ်းကြိုက်တာ "

ဒီလိုနဲ့ ဖြူကအမြဲတမ်း ဆရာမနားနေခန်းထဲမှာစားဖြစ်တယ် တစ်ချိန်ကုန်တိုင်း ဆရာမတွေလိုက်ပို့တယ် တဖြည်းဖြည်း ဒီအတန်းမှာရှိတဲ့ ဆရာမအားလုံးနဲ့ခင်လာတာပေါ့

လင်းကလည်းဖြူကို အတန်းခေါင်းဆောင်အဖြစ်ထားပြီး လင်းအနားအမြဲထားတယ် အစစအရာရာ အလိုက်တသိလုပ်ပေးရင်းက ဆရာမ အလျင်လိုချိန် ဆို ဖြူက လင်းရဲ့ ကျောင်းအကျီအဖြူကအစ ကြယ်သီးလိုက်တပ်ပေးဖြစ်တယ် စာသင်ခန်းထဲမှာထက် နားနေခန်းထဲမှာပဲ အချိန်တွေကုန်ဆုံးနေလိုက်တာ နှစ်တစ်ဝက်ကျိုးနေပြီ

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now