Part 13 Unicode

1.2K 76 4
                                    

" ကလေးသိပ်ရက်စက်တယ်"

" ဘာဖြစ်လာတာလဲ သမီး"

" ဘာမှမဖြစ်ပါဘူး ဒေါ်လေး "

ဝုန်း...
" ဒီကောင်မလေးတော့ တစ်ခုခုပဲ"

အခန်းထဲမှာ ငိုကြွေးနေတဲ့ မိုးကို ဘယ်သူစာနာနိုင်မှာလဲ
" ကလေးနဲ့ မိုးက ဒီအထိပဲထင်ပါတယ် ကလေးကအသစ်ရသွားပြီ ငါလို ခံစားချက်ကိုထုတ်မပြတတ်တဲ့သူနဲ့ လင်းလို့ ချိုချိုသာသာပြောတတ်သူက ကွာတာပါပဲလေ အဲလို ငါလည်း ဂရုစိုက်ခွင့်လေး ရချင်တယ် လင်း ချစ်တာထက် မိုးက ပိုချစ်နိုင်ပါတယ် ရက်စက်တယ် "

" မိုး ရှေ့မှာတင် ကလေးက လင်းကိုချစ်လားမေးတယ် ကလေး မိုးအပေါ်မချစ်တော့တာအမှန်ပဲ မိုးကိုစိတ်နာသွားပြီထင်ပါရဲ့ ထစ်ကနဲရှိ စိတ်ကောက်လိုက် ကလေးကအမြဲပြန်ချော့လိုက် ကလေးနဲ့တူတူ ကြာဇံကြောစားတာတွေ လျှောက်လည်ခဲ့တာတွေ မိုး သတိရနေတုံး "

" အချစ် ဒီညအိပ်မှပျော်ရဲ့လား ငါစတာများသွားပြီထင်တယ်"

အမှန်ပဲ မိုး တစ်ညလုံးအိပ်မရပါဘူး နာကျင်နေတဲ့သူနှလုံးသားက သွေးစိမ်းရှင်ရှင်ထွက်နေတာကို ဆားနဲ့ပတ်သလို သေမလောက်နာတယ်

" ကလေးကို မိုး လက်မလွှတ်နိုင်ဘူး မိုးကသံယောဇဉ်ကြီးတယ် ဘယ်သူကိုမှ လွယ်လွယ်နဲ့မချစ်ဘူး တက္ကသိုလ်တုံးကတောင် သူငယ်ချင်းတွေနဲ့ အင်းယားကန်ဘောင်ကိုတစ်ခေါက်ပဲရောက်ဖူးတာ စာပဲအာရုံစိုက်ခဲ့တာ ရည်းစားတောင် မရှိခဲ့ပါလား "

" အခုတော့ မိုးရဲ့ အချစ်ဦး ရည်းစားဦးက မိုးအသဲကို ခွဲချေပြီ"

😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭🤧🤧🤧

" သမီးလေး အိပ်ပြီလား"

" အိပ်မပျော်သေးပါဘူးဆရာမ "

" ဘာလို့"

" ဆရာမ မိုးကိုသတိရတယ် ရင်ထဲနေလို့မကောင်းဘူး ငိုချင်နေသလိုမျိုးကြီး"

" သမီးကိုလာကြည့်မှာပါ အခုတော့အိပ်တော့နော် မနက်ဖြန် စာမေးပွဲမှာခေါင်းမကြည်ပဲဖြစ်နေမယ် "

" ဟုတ် ဒါဆိုအိပ်တော့မယ် "
📲📲
" ဟယ်လိုလင်းဒီနေ့ပြန်မလာတော့ဘူး "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now