Part 16 Unicode

1.2K 71 10
                                    

" ကလေး အခုဘယ်မှာလဲ " မိုးအရမ်းသိချင်နေပြီ

ဖုန်းလာသံကြားတော့လင်း ကောက်ကိုင်လိုက်သည်
" ဖြူအိပ်နေတယ် "

" ဘာ လင်းနဲ့အိပ်နေတာလား "

" ဟုတ်တယ်လေ လင်း ကုတင်ပေါ်မှာ "

" လင်း မင်း.. မင်း လုပ်ရက်တယ် "

" ဟားဟား မိုးက ပိုင်ပြီဆိုပြီး တွက်ထားတာ
အခုတော့ လင်းလက်ထဲရောက်လာပြီ  မွတ် မွတ် "

" လင်း ကလေးကို ဘာလုပ်နေတာလဲ မထိနဲ့နော် "

" သူက လင်းကုတင်ပေါ်တောင်ရောက်နေပြီပဲ လင်း လက်လွတ်ခံလို့ဖြစ်မလား "

" မင်းတော်တော် တရားလွန်နေပြီ ငါ့ကလေးကို မလုပ်နဲ့ "

" မိုး လာအမိန့်ပေးလို့မရဘူး လင်း အစောတည်းက ချစ်မှန်းသိနေလျက် မိုးအရင်လုယူသွားခဲ့တာလေ "

" မိုး မလုဘူး ကလေးက သူဘာသာလာပြီ သူကလိုက်ပြီချစ်နေခဲ့တာ "

" ဒါဆိုလည်း မိုးက လင်းရင်ဖွင့်တုံး ဘာလို့မပြောပြရတာလဲ "

" လင်း ဝမ်းနည်းသွားမှာစိုးလို့လေ "

" ရယ်စရာပဲ ကလေး မိုးအပေါ်သံယောဇဥ်ရှိမှန်းသိတယ် သူက မိုးကို သူစိတ်တိုင်းကျ မိုးအတွက်အကုန်ဝယ်ပေးနေတာလဲ လင်းသိတယ် ဒါပေမယ့် ရည်းစားတွေဖြစ်နေလိမ့်မယ်လို့တော့ မထင်ဘူးကွာ "

" မိုး ကလေးကိုတော့ မဆုံးရှုံးပါရစေနဲ့ "

" သိပ်နောက်ကျသွားပြီ ဒေါ်မိုးမြင့်ကြယ် ဖြူက လင်းလက်ထဲမှာရှိနေပြီ "

" ရတယ် မိုးမှာ မိုးကိုချစ်တဲ့သူတွေအများကြီး ဟုတ်ပြီ သူကမိုးကို လာမပတ်သတ်စေပါနဲ့ သူလိုသစ္စာမရှိ သူများကုတင်ပေါ်ထိလိုက်အိပ်တဲ့သူကို မိုး ရွံတယ်
ဒါပဲ "

" သမီးအဆင်ပြေရဲ့လား "
" ရတယ်ဒေါ်လေး မိုး ရင်ဘတ်လေးနည်းနည်းအောင့်နေလို့ "

" ဂရုစိုက်ပါကွယ် "

" ဟုတ် "

ငါသူအတွက်နဲ့ ငိုဖို့မလိုဘူး ခံစားစရာမလိုဘူး သူက ငါကို ကစားခဲ့တာပဲကို မိုး နင်ဘာလို့များ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ချစ်ခဲ့ရတာလဲ သူကိုယုံမိခဲ့တာ မိုး အမှား သူအပေါ်ထားရှိတဲ့ သံယောဇဉ် တွေကို မိုး ဖြတ်နိုင်အောင်ကြိုးစားရမယ် "

x x x x
" ဒီနေ့ ကြာသပတေးနေ့ပဲ အချစ်ဆီသွားရမယ် စာကြည့်တိုက်မှာ ဂျုတီကျနေမှာ "

" ပြေးလာလိုက်တာ မောတာ
အချစ် ကြည့်ပါအုံး
ဘာတွေစိတ်ကောက်နေတာလဲ  "

" နင် ဘာလုပ်ထားလဲ နင်ကိုယ်နင်သိ ငါကိုလာလည်းပတ်သတ်စရာမလိုဘူး နင့်ဟာကိုပဲ သွားလုပ်ပေးလိုက် "

" ဟမ် အချစ် နင့်ဟာဆိုတာ ဘာကို "

" နင့်အတန်းပိုင်ပေါ့ "
" သွားနင် မျက်နှာလည်းမမြင်ချင်ဘူး ငါကိုလည်းလာမခေါ်နဲ့ ငါမှာ လုပ်ပေးမယ့်သူတွေမှ အများကြီး သူက ကမ္ဘာကြီးတစ်ခုလုံးကို နင်တစ်ယောက်ပဲရှိတဲ့အတိုင်းပဲ ငါက ငါအလုပ် ငါလုပ်နေတာ နောက်ပြီး ကိုယ်မနိုင်တာဆို တွေ့တဲ့သူခိုင်းလို့ရတယ် သူလိုမျိုး နင်ရှိမှ နင်လုပ်ပေးမှ ဆိုတာမျိုး မရှိဘူး
ငါနေမကောင်းဘူး စိတ်ကိုတင်းထားတာ ဒေါသထွက်ရအောင်လာမလုပ်နဲ့ "

" အချစ်ရယ် ကလေး တောင်းပန်ပါတယ် "

" တောင်းပန်လည်း ခွင့်မလွှတ်ဘူး မှတ်ထား နင်လို့ သစ္စာမရှိတဲ့သူကို ငါရွံတယ် "

" ဘယ်လိုလုပ်ပေးရမလဲ ဘယ်လိုဆိုခွင့်လွှတ်ပေးနိုင်မလဲ ဟင် "

" စောစောစီးစီး ငိုမနေနဲ့ ကျက်သရေယုတ်တယ် တစ်သက်လုံးခွင့်မလွှတ်ဘူး "

" ရက်စက်လိုက်တာ အချစ်ရယ် "

" ဖြူ ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ"

" ဘာမှမဖြစ်ဘူး မြတ်နိုးမောင် စာကြည့်တိုက်ကိုဘာကိစ္စရှိလို့လဲ "

" နင်ကိုလိုက်ရှာနေတာ ဆရာမကြည်ပြာလင်း ကခေါ်ခိုင်းလိုက်လို့ "

" တွေ့လား နင်မရှိတော့ လိုက်ရှာနေရပြီ သူအနားသွားနေပြီ သူအလုပ်တွေပဲ လုပ်ပေးလိုက်တော့ "

" အေးငါလာခဲ့မယ်နော် "

" အချစ် သွားလိုက်ပါအုံးမယ် နော် "

နောက်ဆုံးတော့ မင်းက ထွက်သွားတာပါပဲ ဟုတ်ပါတယ် ကလေးတကယ်ချစ်တာ လင်းပဲဖြစ်ပါလိမ့်မယ်

x x x x
အခုချိန်မှာ ဖြူနေရာကနေဆို ထွက်သွားမှာလား မိုးကို ရွေးမှာလား လင်းကိုရွေးမှာလား ? ကာကာတို့အနေနဲ့....?

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now