Part 21 Unicode

1.4K 73 9
                                    

မနက်၆နာရီထိုးပြီး မိုးကပဲအရင်နိုးလာပြီတော့ ဖြူကတော့မိုးရင်ခွင်ထဲကွေးလိုနေတုံး မိုး ဆံပင်လေးတွေသပ်ပြီးစိုက်ကြည့်နေမိသည်။

" မိုး ဘဝမှာ အချစ်ဦးဆိုတာလည်းမင်းပဲ နောက်ဆုံးအချစ်ကလည်း မင်းပါပဲ ချစ်တယ်ကလေးရယ် "

" တကယ်လား အချစ် "

" ဒီကောင်မလေး အိပ်ချင်ယောင်ဆောင်ပြီးနားထောင်နေတယ်ပေါ့ "

" ဟီး ကဲ ဖြေပါအုံး အချစ် "
မိုးရဲ့ မေးလေးကိုင်ပြီးပြောလိုက်သည်

မိုးက ဖြူကိုခေါင်းညှိတ်ပြလိုက်တယ်
" သွားတော့ရေသွားချိုး "

" ဟုတ်ကဲ့ပါ အချစ်ရယ် "

ဖြူရေချိုးနေတုံး မိုးဆီ ဖုန်းတစ်ကောဝင်လာတယ် ဒေါ်လေးဆီက

" ဟယ်လို ဒေါ်လေး "

တစ်ဖက်ကတော့လေသံမာမာနဲ့
" နင် တပည့်နဲ့ကြိုက်နေတာဆို နင်အရှက်မရှိဘူးလား ပြောစမ်း "

" မိုးတောင်းပန်ပါတယ် မိုးကလေးကိုတကယ်ချစ်လို့ပါ "

" အမိုက်မပဲ နင်သူနဲ့လမ်းခွဲ နင်သိက္ခာကိုထည့်စဥ်းစားအုံး နင်ကဆရာမ ဟိုကတပည့်လေ နင်မို့လို့ ဘယ်လိုချစ်ရက်ရတာလဲ သူအနာဂတ်ကိုရောနင်ထည့်မစဥ်းစားဘူးလား သူလိုကလေးတစ်ယောက်က နင်ကိုအတည်မဟုတ်ပဲ စိတ်ကစားတာဆိုရင်ရော"

" ဒေါ်လေးရယ် ကလေးမရှိရင် မိုးသေ သွားလိမ့်မယ် သူနဲ့မှ မိုးပျော်ရွှင်ရတာပါ မိုးတို့ လမ်းမခွဲပါရစေနဲ့ သူလည်းမိုးကို အရမ်းချစ်တာပါ "

" ပြောလို့မှ မရရင်တော့ နင်ကိုဝန နဲ့ ပေးစားရမှာပဲ "

" ဝန ဟိုဆရာဝန်နဲ့လား သူနဲ့ကသူငယ်ချင်းတွေပါ မိုးဘယ်လိုမှသူကိုမချစ်နိုင်ဘူး "

" မကြားချင်ဘူး အဲ့ကောင်လေးက သဘောလေးလည်းကောင်းတယ် ငယ်ငယ်တည်းကလည်း မိသားစုလို့နေလာတာ နင်က ကျောင်းကိစ္စနဲ့ လိမ်ပြီး ဟိုဟာမလေးအိမ်မှာနေနေတာ ငါအကုန်သိပြီးပြီ ဝနက လူကောင်းလေး နင်အတွက် ကောင်းစေချင်လို့ စီစဥ်တာ နင်မငြင်းနဲ့ သူကနောက်တစ်ပတ်ဆို US ကပြန်ရောက်တော့မှာ "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now