Part 23 Unicode

1.3K 71 9
                                    

" မိန်းမရေ မြန်မြန်လုပ် "

" ကိုကလည်း ပြီးတော့မယ် လာပြီ "

လှေကားပေါ်ကနေ လျှောက်လှမ်းလာတဲ့ ဖြူက အဖြူအစိမ်းလေးနဲ့တင့်တယ်လို့နေတယ်
ဂစ်တာရှိပ်လေးလို ခန္ဓာကိုယ်အချိုးအစား အသားအရည်ဖြူဖွေးပြီး ချိုသာတဲ့သူ့အပြုံးထက်က မှဲ့လေးက ကိုယ်သာဖြစ်လိုက်ချင်တယ်

" အိုကွယ် မိန်းမက ကို့ထက်တောင်လှနေပါလား အဖြူအစိမ်းလေးနဲ့မြင်လိုက်ရတော့ ကိုတို့ အတိတ်ကနေ့ရက်လေးတွေကိုမြင်ယောင်မိတယ် ကိုလေ မင်းကိုချစ်ခဲ့ရတဲ့နေ့ရက်လေးတွေကိုမမေ့နိုင်ဘူး "

" ဟုတ်ပါပြီရှင် သွားကြတာပေါ့ "

" မိန်းမ စိတ်မလှုပ်ရှားနဲ့နော် တစ်ခုခုဆို ကို့ကိုဖုန်းဆက် "

" အင်းပါ ကိုယ်က ကလေးလေးမဟုတ်တော့ပါဘူး ဆရာမ ဖြစ်နေပါပြီနော် "

" ဟုတ်ပါပြီသဲတုံးလေးရယ် "

" သွားတော့ နောက်ကျနေပြီ "

ဘယ်လိုပဲပြောပြောလက်တွေအေးစက်ပြီးစိတ်လှုပ်ရှားနေမိတယ် ဒါပေမယ့်နောက်ကျနေပြီ ရှေ့နားဆိုရင်တော့ ရောက်တော့မှာပါ

အား....ရှေ့မှာလူ...ဘရိတ်ကိုအမှီအုပ်လိုက်နိုင်တယ်

ဟူး......
တော်သေးလို့ မတိုက်မိတာ

ခါးပတ်ဖြုတ်ပြီး ကားပေါ်ကအပြေးဆင်းကြည့်ရသည် ။ မတိုက်မိပေမယ့်သူလည်းအတော်လန့်သွားမယ်ထင်သည်။

" ဘာဖြစ်သွားလဲဟင် ကျွန်မ မမြင်လိုက်မိလို့ပါ တောင်းပန်ပါတယ်နော် "

" ရပါတယ် အာ့ ဘာမှမဖြစ်ပါဘူး "

" အဆင်ပြေရဲ့လား ထကြည့်ပါနော် "
သူကလည်းအဖြူအစိမ်းလေးကိုဝတ်ထားတော့ ကျောင်းဆရာမပဲထင်တယ် ဒုက္ခပဲ ငါဝင်မယ့်ကျောင်းက ကျောင်းအုပ်သာဆိုရင်တော့ သေပါပြီ

ကျွန်မ ဆွဲထူမယ်အလုပ် သူရဲ့မျက်နှာကိုမြင်လိုက်ရတော့ ကျွန်မတော်တော်အံ့သြသွားမိသည်။

အချစ်!!
ကလေး!!

"ဟို မှားလို့ ဆရာမ သမီး တောင်းပန်ပါတယ် ဆေးခန်းသွားရအောင်နော် "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now