" ဟဲ့ မပြေးနဲ့ ပြေသွားမှာပါ "
နိုင်ငံတော်သီချင်းဆိုပြီး ဘုရားရှိခိုးပြီးတဲ့အထိ ငိုနေမိတယ် ပြေးလာလို့ မောပြီးအသက်ရှုကျပ်လာတော့ အောင့်ခံနေတယ်
လင်းကလည်းမရိပ်မိခဲ့ဘူး ရုံးခန်းကခေါ်လို့လင်းသွားနေချိန်တော်တော်လေး ဖြစ်နေပြီ ဖြူနှုတ်ခမ်းတွေဖြူလျော့ပြီး သွေးအားနည်းနေသည်
ကိုယ်နေရာကိုယ်ထိုင်ပြီး အောင့်ခံနေချိန် လင်းကလည်း အရှေ့မှာ နမည်ခေါ်နေတယ် ကျောင်းတက်ပျက်စာရင်းလုပ်နေတော့ ဖြူကိုခေါ်လိုက်တဲ့ ကိစ္စတောင်မေ့နေသည်
" ဖူးပြည့်စုံ.. ရှိ...... မြတ်နိုးဖြူ... မြတ်နိုးဖြူလာလား"
" လာတယ်ဆရာမ သမီးဘာဖြစ်တာလဲ လာလာ ချွေးတွေရွဲနေတာပဲ ကျန်းမာရေးခန်းကိုခေါ်သွား နှလုံးဖောက်တာ ခံစားချက်တစ်ခုခုရှိလို့လား "
" ဟုတ် "
" ဟယ် ဖြူ ဘာဖြစ်တာတုံး "
အခန်းထဲရှိတဲ့ သချာ်ဆရာမရော အတန်းချုပ်ကပါဝိုင်းမေးပြီး စိတ်ပူသွားကြပြီ
" ဘာဖြစ်တာလဲ ကျောင်းထဲကလား ဖြစ်တဲ့သူက "
" ဟုတ်တယ် ဆရာမ "" ဆရာမ ဒေါ်မိုးမြင့်ကြယ် "
" စိတ်ကိုလျော့ထား ဘာမှမတွေးနဲ့ ကောင်းသွားလိမ့်မယ်နော် "
" ဘယ်လိုဖြစ်တာလဲ သမီးရယ် "
" စာကြည့်တိုက်မှာ စာအုပ်ဖတ်မယ်ဆိုပြီးသွားတာ အဲ့ဆရာမနဲ့ တွေ့ပြီး ဖြစ်လာတာ "
" ဟိုကဘာတွေပြောလိုက်တာလဲ ကဲ ထားပါတော့ ဘာမှမတွေးနဲ့နော် "
" စိတ်လျော့ သမီး! !!!"
" ချစ်ခြင်း မုန်းခြင်းတွေက မထားတာကောင်းတယ် "
မနည်းအသက်ရှုနေရတယ် ဘေးနားမှာလည်း သူငယ်ချင်းတွေက ရှိပေးရှာတယ် မြတ်နိုးမောင်လည်း သူကို တစ်ချိန်လုံး ယပ်ခတ်နေတာ ဘုရားစာဆိုတဲ့သူကဆိုနဲ့
" ဆရာမ မိုးကလေ ငါနဲ့မဆိုင်ဘူးတဲ့ ငါနဲ့လာမပတ်သတ်နဲ့တဲ့ "
" ပြောရတာ ဖြူ အသည်းအသန်ဖြစ်နေလို့ နှလုံးဖောက်နေတယ်ပြောတာကို လုံးဝမလိုက်ဘူး စာသင်ရမှာမို့လို့ စာသင်ချိန်တွေ ပျက်ကုန်မယ်တဲ့ "
![](https://img.wattpad.com/cover/309487787-288-k793311.jpg)
YOU ARE READING
စည်းကျော်ခဲ့သောချစ်ခြင်း
Short Story" တို့အတွက် တားမြစ်ထားတဲ့ တံတိုင်းတွေကို ဖြတ်ကျော်နိုင်မလား ဟင် "