စည်းကျော်ခဲ့သောချစ်ခြင်းPart-5

2.1K 118 0
                                    

ကောင်းကင်လေးက ကြည်လင်လို့နေလည်းစထွက်လာပြီ ပိတ်ရက်မို့ ဖြူ အိပ်ရာထဲမှာ ပြုံးပြုံး ပြုံးပြုံးနဲ့

" သမီးရေ ထတော့လေ သမီးပဲ ဒီနေ့ ဆရာမဆီသွားမယ်ဆို "

ဖြူ အိပ်နေရာက မျက်လုံးချက်ချင်းပြူးလာပြီး

" အယ်ဟုတ်သား အချိန်မစောတော့ဘူး မေမေလာပြီနော်"

မနက်စာကိုမြန်မြန်စားပြီး မေမေချက်ပေးထားတဲ့ မုန့်ဟင်းခါးကို ချိမ့်ထဲ ထည့်ကာ

" မေ ကိုယ့်ဘာသာပဲသွားတော့မယ်နော် ဟိုရောက်ရင်ဆက်လိုက်မယ် နီးနီးလေးပဲကို "

" ဂရုစိုက်သွားနော်သမီး "

" ဟုတ် မေ "

လမ်းတစ်လျှောက်က အပင်လေးတွေငေးကြည့်ရင်း လျှောက်လာလိုက်တာ ဆရာမ အိမ်တောင် ရောက်တော့မယ်

" ဟေ့ ဖြူ ဘယ်သွားမလို"

" အော် မြတ်နိုးမောင်ပါလား ငါဆရာမ မိုးမြင့်ကြယ်ဆီသွားမလို့လေ "

" မြန်မာစာဆရာမ မလား နင်နဲ့ဘယ်တုံးကခင်သွားတာ "

" ​ပြောရရင်အရှည်ကြီးပဲ ဆရာမက ငါ့ကိုအိမ်လိုက်ပို့ရင်း ဆရာမ အိမ်နေရာကို ဆရာမပြောပြလို့ ငါသိသွားတာ ငါ့အိမ်ကိုလိုက်ပို့လို့ရေစိုတွေလဲပေးရင်း ဆရာမလည်း သိသွားတာ ဆရာမကလည်း လာလည်လိုရတယ်ဆိုလို့ "

" ဒါဆို ငါလည်းလိုက်မယ် "

" အေး လိုက်ခဲ့လေ "

" ဆရာမ သမီးတို့ပါ "

" အော် ကလေးနဲ့ မြတ်နိုးမောင် ပါလား ဝင်ခဲ့ကြ "

" ဖြူ့ကို ကလေးဆိုပါလား အဲလောက်ထိ ရင်းနှီးနေတာလား"
မြတ်နိးမောင် အတွေးများထဲ ငါ ကမ္ဘာထဲမှာ ဖြစ်နေပြီ

" ဆရာမဒါ ဆရာမတို့အတွက် မုန့်ဟင်းခါး "

" အယ် ဒါတွေမလိုပါဘူး ကလေး လာရင်ပဲ ရပါပြီ"

" ဆရာမက ဖြူကိုတော်တော်လာစေချင်တာပဲ "

" မြတ်နိုးမောင် ဘာတွေစဥ်းစားနေတာလဲ "

"နင့်အကြောင်း "

" ဟမ် "

" မလန့်ပါနဲ့ စတာာ "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now