Part 20 Unicode

1.2K 66 2
                                    

ဖြူ့အမေ ဆုံးတာ လတွေနှစ်တွေ ပြောင်းလဲကာကြာလေခဲ့ပြီ ဒီနေ့ဆိုရင် ဖြူ ၁၀တန်းအောင်စာရင်းထွက်မယ့်နေ့လေးပေါ့

" ဖြူရေ ပြီးပြီးလားသွားကြရအောင် နောက်ကျနေပြီလေ"

" လာပြီ ဆရာမ သမီးက စိတ်လှုပ်ရှားနေတာ အဆင်ပြေရဲ့လား ဝတ်ထားတာလေးက "

ကလေးဆန်ဆန် ပန်းဆီရောင် ပွင့်ဖတ်လေးတွေနဲ့ ဒူးခေါင်းအောက်နားလောက်ထိ ရှည်တဲ့ဂါဝန်ကို လှပစွာဝတ်ပြီး နှုတ်ခမ်းနီ ဖျော့ဖျော့လေးကို ဆိုးထားတယ် ကြိုးသိုင်းလွယ်အိတ်အနီလေးနဲ့ ကျောလောက်ရှိတဲ့ဆံနွယ်လေးတွေကို သိုးမွှေးနဲ့ထိုးရက်ထားတဲ့ ခေါင်းစည်းကြိုးနံသာရောင်လေးကိုစည်းထားတယ်

" လွလိုက္တာ ဖြူရယ် ကိုယ်ကအဘွားကြီးဖြစ်နေပြီဆိုတော့ ကျန်ခဲ့ပြီပေါ့ "

" မဟုတ္တာ ဆရာမက ဒီလောက်လှတာ အရပ်မောင်းကောင်းကောင်းနဲ့ ယောကျာ်းတွေကို ရင်ဘောင်တန်းပြီးနေပြနိုင်ပြီးတော့ ကျက်သရေရှိစွာကို လွတာ "

" စကားတတ္လိုက္တာ အဲတာကြောင့်ချစ်နေရတာ "

" ဟုတ် ဒါဆိုသွားမယ်လေ "

" အခုချိန်ထိ ရှောင်နေတုံးပဲလား ဖြူရယ် "

" အဲလိုမဟုတ်ပါဘူး သမီး ဆရာမကို ခင်ပါတယ် "

" ဘာကိုခင်ပါတယ်လဲ လင်းက ဘာတွေလိုအပ်နေလို့လဲ ဘာကြောင့်ခုချိန်ထိ ချစ်တယ်မပြောသေးရတာလဲ ပြောပါအုံးဖြူ"

" သမီးကားပေါ်က စောင့်နေမယ်နော် သွားနှင့်မယ်"

လှေကားအောက်နားမှာ ရယ်ရယ်မောမောရပ်ပြောနေရာကနေ ချက်ချင်းမျက်နှာညှိုးပြီး ထွက်သွားမယ်လုပ်နေတော့ လင်း လှမ်းဆွဲပြီး နောက်ကျောကနေ ဖက်ထားမိလိုက်သည်

" ဖြူ ကို လင်းအသက်ထက်ပိုချစ်တာ ဖြူ သိတယ္မလား "

" သိပါတယ် ဆရာမ ဂရုစိုက်ပေးတာ ဒါပေမယ့် "

" မိုးကို ချစ်နေတုံးလား ဖြူ "

" သမီး မေ့လို့မရသေးတာပါ "

" ဟိုက ထွက်သွားပြီပဲကို ဖြူက ဘာလို့စိတ်ဆင်းရဲခံစောင့်ဆိုင်းနေတာလဲ သူလည်းသူအတွက် ကောင်းကျိုးကိုလုပ်သွားတာပါ "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now