Part 18 Unicode

1.3K 79 3
                                    

" အမလေး ပင်ပန်းလိုက်တာဒေါ်လေးရယ်"

" ပြန်ရောက်လာပြီလား ဟိုမှာနင့်တပည့်စာပေးသွားတယ် မုန့်တွေရောပဲ "

" ဟယ်ဒီကလေးကတော့ "

" ညည်း စိတ်ကောက်နေတယ်ဆို ကလေးလည်းတစ်ခါတစ်လေတော့မှားတတ်မှာပေါ့ ကိုယ်ကလူကြီးပဲ စိတ်လျော့ပေးလိုက်လေ "

" ဒေါ်လေး မသိလို့ မိုး အလျော့ပေးပြီးမသိချင်ယောင်ဆောင်ခဲ့ရပေါင်းများပြီ "

" အေးပါ ဒါပေမယ့်လည်း "

" ဒေါ်လေးတော်ပြီ မိုး ရေသွားချိုးတော့မယ် ဒါတွေလည်းမလိုချင်ဘူး လွှင့်ပစ်လိုက် "

" ပြောရခက်လိုက်တာ ဟိုက သူကြိုက်တာလေးတွေပဲသေချာဝယ်ပေးလာတာကို "

............

" ဟယ်လို ဖြူ "

" အေးပြော ဘာကိစ္စ "

" နင်သက်သာလား"

" အေးသက်သာတယ်မြတ်နိုးမောင် "

" နင်ကို ဆရာမမိုးကတော်တော်စိတ်ပူနေတာ သူစာသာသင်နေတာစိတ်ကနင့်ဆီမှာ ငါသိတာပေါ့ ငေးနေလိုက်တာများ "

" ဟုတ်လား အဲလိုမဟုတ်လောက်ပါဘူး "

" ဟုတ်ပါတယ်ဆို ဟိုကနင်ကိုလာမတွေ့ဘူးလား "

"လာမတွေ့ပါဘူးဟာ "

" အားတင်းထား စိတ်ပြေသွားမှာပါ သူကနင်ကိုတကယ်ချစ်တာ သူရင်ထဲကထုတ်မပြတာပဲရှိတာ ဘေးနားကကြည့်တဲ့ငါတို့ကသိတာပေါ့ "

" ငါတော့မထင်ပါဘူး ငါကိုသစ္စာဖောက်တယ်ဆိုပြီး မုန်းနေလောက်ပြီ "

" သူမမုန်းလောက်ပါဘူး "

အခန်းထဲက ကုတင်ပေါ်မှာ လဲနေရင်း မြတ်နိုးမောင်နဲ့ပြောပြီးတော့ ပင်ပန်းလို့ ဖြူ ခဏမှေးလိုက်သည် စိတ်တွေလည်းရှုပ်ထွေး လူကလည်း နှလုံးဖောက်ထားတာဆိုတော့ ပင်ပန်းရောပေါ့ ဖြူ အိပ်မော်ကျနေချိန်မှာပဲ လူတစ်ယောက် ဖြူ့အနားရောက်လာတယ်

ဘယ်သူဖြစ်မလဲ??

" ချစ်ဖို့ကောင်းလိုက်တာ အိပ်နေတာလေးကအစ ချစ်စရာလေး "

အခန်းတံခါးလေးကို ဖွင့်ပြီး ဖွဖွလေးဝင်လာသည် ညနေ၆နာရီလောက် မှောင်ရီပျိုးစအချိန်လေး အဖြူအစိမ်းကိုဝတ်ဆင်ထားသောသူ ဖြူအတွက်အမြဲပေးဆပ်ဖို့ အသင့်ရှိတဲ့ လင်းက မနေနိုင်ဘဲ ဖြူဆီရအောင်လာကြည့်သည်

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now