Part 2

245 30 1
                                    

"ဒါက ထိုင်ခုံနေရာတစ်ခုလေးအတွက်ပဲမဟုတ်ဘူးလား အရေးမပါတဲ့ကိစ္စလေးတစ်ခုကို ဘာလို့ပုံကြီးချဲ့နေကြတာလဲ"

အတန်းထဲဝင်လာတဲ့သူမက အပြုံးလေးနဲ့ဝင်ပြောပြီး အတန်းတွင်းက လေထုကိုမှုန်ဝါးအောင်လုပ်ပစ်လိုက်သည်။
အတိတ်မှာတုန်းကလဲ သူမရဲ့စကားနဲ့ သွမ့်ဟွားယွဲ့ရဲ့ကာကွယ်မှုတွေကြောင့် ကျောင်းသားတွေအကုန်လုံးက တုကွမ်းဝမ်ကိစ္စကို ဘာမှဆက်မပြောကြတော့ပဲ ဒီတိုင်းထားလိုက်ကြသည်။

အခုကတော့မတူညီတော့ဘူး။
သူမက ဝင်ပြောပြီးတာနဲ့ သွမ့်ဟွားယွဲ့ကိုတစ်ချက်ကြည့်ပြီး အရိပ်အခြည်ပြလိုက်သည်။
ဒါပေမယ့် သွမ့်ဟွားယွဲ့က သူမကိုအပြုံးလေးတစ်ချက်သာပြန်ပေးပြီး ကိစ္စအားလုံးကိုနားမလည်ချင်ယောင်ဆောင်ဖို့‌
ရွေးချယ်လိုက်သည်။

"ဟုတ်ပါတယ် ဒါကထိုင်ခုံနေရာလေးတစ်ခုပဲဟာ အဲ့လောက်ကြီးလဲအရေးပါမနေပါဘူး.....ငါဒီအတိုင်း တခြားနေရာပဲ‌ထိုင်လိုက်လို့အဆင်ပြေပါတယ် ငါ့ကိုစိတ်ထဲမထားကြပါနဲ့"

သွမ့်ဟွားယွဲ့ရဲ့စကားအဆုံးမှာ သူမရဲ့အမူအရာက ရုတ်ချည်းပျက်ယွင်းသွားသည်။
သွမ့်ဟွားယွဲ့ရဲ့ စကားတွေက ရန်ဖြစ်တာကို ဖျန်ဖြေတဲ့ပုံမှန်စကားလုံးတွေပဲဆိုပေမယ့် သွမ့်ဟွားယွဲ့ရဲ့အားနည်းနေတဲ့အမူအရာနဲ့ အပြုံးဖျော့ဖျော့ပါတဲ့မျက်နှာသွင်ပြင်ကြောင့် ပုံမှန်နဲ့လုံးဝကိုမတူတော့ဘူး။

အားလုံးက သွမ့်ဟွားယွဲ့ကိုကြည့်ပြီး တုကွမ်းဝမ်ဘက်ကိုကြည့်လိုက်ကြသည်။
အတန်းဖော်တွေရဲ့ အပြစ်တင်ဟန်အမူအရာတွေကြောင့် တုကွမ်းဝမ်စိတ်ရှုပ်ထွေးလာပြီး အံကြိတ်မိသွားသည်။

"ဟွားယွဲ့..."

တုကွမ်းဝမ်က သူ့ရဲ့ယောက်ျားပီသတဲ့အသံနဲ့ တည်ငြိမ်တဲ့သွင်ပြင်ကိုသုံးပြီး သွမ့်ဟွားယွဲ့ကို နားမလည်သလိုအမူအရာမျိုးနဲ့ သရုပ်ဆောင်လိုက်သည်။

"ကိုယ်မင်းကို ဒီမှာထိုင်ချင်တယ်ပြောတုန်းက မင်းပဲခွင့်ပြုပေးခဲ့တာပဲမဟုတ်ဘူးလား..."

"ဟင်...မင်းငါ့ကိုခွင့်တောင်းခဲ့သလား ဘယ်တုန်းကလဲ"

သွမ့်ဟွားယွဲ့ရဲ့ ဖြူစင်ပြီးဘာမှနားမလည်တဲ့အမူအရာကိုကြည့်ပြီး တုကွမ်းဝမ်ဒေါသထွက်လာသည်။
ဒါပေမယ့် သူ့ဒေါသကိုအတတ်နိုင်ဆုံးထိန်းချုပ်ထားပြီး မတတ်သာပဲအနိုင်ကျင့်ခံနေရတဲ့လူလို အပြုံးဖျော့ဖျော့တခုဖန်တီးလိုက်သည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now