နောက်ရက်တွင် တုအိမ်တော်နှင့် သွမ့်မိသားစုကြားက စေ့စပ်ကြောင်းလမ်းခြင်းက ထိပ်တန်းသတင်းတစ်ခုဖြစ်လာပြီး လူအများကြားတွင် အုတ်အော်သောင်းနင်းဖြစ်နေတော့သည်။
သွမ့်ဟွားယွဲ့က တုကျစ်ရှဲ့သူ့အားချီထားသည့်ပုံကိုစိုက်ကြည့်နေပြီး သတင်းကိုအစအဆုံးဖတ်ပြီးမှ ဖုန်းကိုပိတ်လိုက်သည်။ထို့နောက် သူ့ရှေ့တွင်တန်းစီ၍ထိုင်ကာ သူ့ကိုစိုက်ကြည့်နေကြသည့် လူသုံးယောက်ကိုကြည့်ပြီး ခေါင်းခဲသွားလေသည်။
"ငါနေလို့မကောင်းသေးဘူး..."
"နေလို့မကောင်းသေးဘူးလား ဪ ပထမသခင်လေးရဲ့လက်တွေကသက်တောင့်သက်သာမဖြစ်လို့ထင်တယ်"
"စုမင်..."
သွမ့်ဟွားယွဲ့၏အသနားခံသည့်မျက်ဝန်းများကိုကြည့်ပြီး စုမင်ကနှုတ်ခမ်းဆူကာတစ်ဖက်သို့လှည့်သွားလေသည်။
"ငါက ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းနေတာပဲ.. ငါ့ကိုယ်ငါမင်းနဲ့အရင်းနှီးဆုံးလူလို့ထင်ထားပေမယ့် ငါသိတာဘာမှကိုမရှိဘူး"
"အဲ့လိုမဟုတ်ဘူး ဖုဟယ်"
"ငါနားလည်လိုက်ပြီ"
"မင်းတို့ထင်သလိုမဟုတ်ဘူး...ငါနဲ့တုကျစ်ရှဲ့ကြားမှာ ကိစ္စလေးတွေရှိနေပေမယ့် ငါတို့ကချစ်နေကြတာမျိုးမဟုတ်ဘူး"
"မချစ်လို့ လက်ထပ်တော့မှာလား...သွမ့်ဟွားယွဲ့ မင်းလိမ်နေတယ်"
"ငါမလိမ်ဘူး"
"နင်မလိမ်ဘူးသာပြောတာ ပထမသခင်လေးကို တုကျစ်ရှဲ့ဆိုပြီးနာမည်တောင်တပ်ခေါ်ရဲတယ်"
"မဟုတ်ဘူး စုမင်...ငါ"
သွမ့်ဟွားယွဲ့က ခေါင်းပင်ကိုက်ခဲလာရကာ သူ့ရှေ့ကလူတွေကိုဘယ်လိုဖြေရှင်းရမလဲမသိဖြစ်နေတော့သည်။ သူ၏အမူအရာကိုကြည့်ပြီး စုမင်ကသက်ပြင်းချလိုက်ကာ သွမ့်ဟွားယွဲ့၏ပုခုံးအားဖိကိုင်လိုက်သည်။
"ဟွားဟွား...ငါတို့နင့်ကိုစိတ်ပူလို့ဆိုတာနင်သိတယ်မဟုတ်လား..."
"ငါသိပါတယ်..."
"ကောင်းပြီ...နင်နဲ့သူ့ကြားဘာကိစ္စမှမရှိဘူးဆိုတာ ငါတို့ယုံပေးမယ် ဒါပေမယ့် ဟွားဟွား....ငါတို့နင့်ကိုသတိပေးမှဖြစ်မယ့်ကိစ္စရှိတယ်"
YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
RandomStarted date - oct23 2022 End date -