Part 7

197 28 0
                                    

သွမ့်ဟွားယွဲ့က သူ့ရဲ့ဂုဏ်ပြုပွဲကိုအကျဉ်းရုံးလုပ်ဖို့သာစီစဉ်ထားသည့်အတွက် ပိတ်ရက်မှာအတန်းပိုင်ဆရာမထျန်းနဲ့သူ့အတန်းဖော်တွေကိုဖိတ်ကြားပြီး B cityရဲ့ကျော်ကြားတဲ့hotelတစ်ခုမှာ ညစာလိုက်ကျွေးပြီး ပွဲကျင်းပဖို့ဆုံးဖြတ်လိုက်သည်။

သွမ့်ဟွားယွဲ့က သူ့ရဲ့လက်ထောက်ကိုအသေးစိတ်ညွှန်ကြားလိုက်ပြီး လူတိုင်းစိတ်ကျေနပ်အောင်ပြုလုပ်ဖို့ရည်ရွယ်ထားသည်။ သူ့ရဲ့အတွေးကတော့ ဒီညစာစားပွဲကနေတဆင့် ဒီလူတွေကိုသူအကြွေးတင်နေတာကိုတဖြေးဖြေးဆပ်ချင်နေသည်။ အရင်ဘဝက သူ့အပေါ်ကောင်းခဲ့ဖူးသူများကို သူ့အနေဖြင့် ပြန်လည်ကောင်းမွန်ပေးနိုင်ရင် အတတ်နိုင်ဆုံးကြိုးစားချင်သည်လေ။

သူ့ရဲ့အတွေးတွေက အရင်အချိန်တွေကိုပြန်တွေးလာတိုင်း နာကျင်မှုတွေခံစားနေရဆဲပဲ။ညဘက်တွေအိပ်ပျော်သွားတိုင်း အတိတ်ကအကြောင်းအရာတွေကသူ့ဆီရောက်လာတတ်လို့ သူ့မိဘတွေကတောင် အိမ်မွေ့ချကုထုံးတွေပြင်ဆင်ဖို့ သူ့ကိုတိုက်တွန်းလာကြနေပြီ။

သွမ့်ဟွားယွဲ့သက်ပြင်းချလိုက်ပြီးနောက် ဦးခေါင်းဆီမှနာကျင်မှုအနည်းငယ်ကိုခံစားနေရသည်။ထို့ကြောင့်သူ့ရဲ့ဖနနင်ကအလိုက်တသိနဲ့ ဆေးသွားယူပေးပြီးသူ့ကိုအနားယူစေသည်။

ယခင်ရက်မှစ၍ သွမ့်ဟွားယွဲ့ရဲ့လက်ထောက်အဖြစ်ဖန်းနင်ကစတင်တာဝန်ယူနေပြီး သူတစ်ဦးတည်းရဲ့ကိုယ်ပိုင်လက်ထောက်ဖြစ်ကြောင်းပါ ကုမ္ပဏီ၌ ကြေညာထားသည်။

သွမ့်ဟွားယွဲ့ရဲ့အသက်က17နှစ်သာရှိသေးတယ် သူကအထက်တန်းတောင်မပြီးသေးဘူး သူ့ရဲ့လက်ထောက်ကသူ့ရဲ့စွမ်းရည်ကိုအထင်သေးနိုင်မယ်ဆိုတာသိပေမယ့် သူထင်သလိုမဟုတ်ပဲ အဲ့ဒီလူကအနည်းငယ်ကွဲပြား‌‌နေသည်။

လက်ထောက်အနေနဲ့ကြည့်ရရင် ထိုသူရဲ့စွမ်းရည်ကပြည့်ဝနေပြီး သွမ့်ဟွားယွဲ့ရဲ့သတ်မှတ်ချက်တွေနဲ့လဲ ကိုက်ညီနေသည့်အတွက် သွမ့်ဟွားယွဲ့ကသံသယများကိုဖယ်ရှားလိုက်သည်။

"ကျွန်တော်ပြောထားတာကိုစီစဉ်ပြီးပြီလား"

"အားလုံးလုပ်ပြီးပါပြီ ညစာစားပွဲအတွက်လဲပြင်ဆင်‌ပြီးပါပြီ "

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now