Part 9

152 23 0
                                    

နေ့ရက်များက ပြောင်းလဲလာကာ သွမ့်ဟွားယွဲ့ကို ထိခိုက်စေလိုသည့် လူတချို့ပေါ်လာခဲ့သည်။ ယခင်ကတည်းက သွမ့်ဟွားယွဲ့၏ထင်ရှားမှုကိုမနှစ်မြို့ကာ မုန်းတီးသူတချို့က သူ့ပုံရိပ်များကျဆင်းလာချိန်၌ အချိန်ကိုက်ပင်ပေါ်ပေါက်လာကြ၍ ယခင်ကတည်းကအပုပ်အပွသတင်းများကို ပြသလာကြကာ သွမ့်ဟွားယွဲ့အား တိုက်ခိုက်လာကြသည်။

ထိုသတင်းများက အတော်အတန်နာမည်ထွက်နေသောကြောင့် ကျောင်းသားမိဘအချို့ကစုဝေး၍ သွမ့်ဟွားယွဲ့၏ကိစ္စအား‌စစ်ဆေးပေးပါရန် ကျောင်းကောင်စီအားတင်ကြားလာကြသည်။ ‌

သို့သော် တာဝန်ရှိသူများထံမှ မည်သို့သောဖြေရှင်းချက်မှပေါ်မလာပဲ ငြိမ်သက်နေသည့်အတွက် သူတို့ကပိုမိုအတင့်ရဲလာကြကာ သွမ့်ဟွားယွဲ့အားကျောင်းထုတ်ပေးပါရန် ကျောင်းဝက်ဆိုက်ဘ်များစွာထိ စာတင်၍တောင်းဆိုနေကြသည်။ ထို့ကြောင့် သွမ့်ဟွားယွဲ့၏နာမည်အား အင်တာနက်အသုံးပြုသူတိုင်းကသတိထားမိလာကြပြီး သူနှင့်ပတ်သက်သည်များအား ရှာဖွေခဲ့ကြသည်။

ထိုကဲ့သို့ လူအများက သွမ့်ဟွားယွဲ့အားအာရုံစိုက်နေချိန်တွင် တစ်စုံတစ်ယောက်ကသူနှင့်တုကွမ်းဝမ်၏စကားအခြေအတင်ဖြစ်နေသည့် ဗီဒီယိုများအားထပ်မံဖော်ပြခဲ့သည်။ တုကွမ်းဝမ်၏မျက်နှာအား ဝေဝါးထားသော်လည်း သွမ့်ဟွားယွဲ့၏မျက်နှာမှာတော့အလွန်အမင်းထင်ရှားနေကာ လူအများက သွမ့်ဟွားယွဲ့အား ကျောင်းတွင်းအကြမ်းဖက်သူ ‌ဆိုးသွမ်းသည့်သခင်ငယ်လေးတစ်ယောက်အဖြစ် ထင်မှတ်သွားကြလေသည်။

နဂိုက သူ့အားနစ်နာသူဟုတွေးကာ ကာကွယ်ပေးခဲ့ကြသူများကပင် အခုချိန်၌တိတ်ဆိတ်သွားကြပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့ကြသည်။

စစ်ကျုံးက ဖရိုဖရဲအနေအထားသို့ရောက်ရှိနေသောကြောင့် ကျောင်းအုပ်ကြီးက အတန်ငယ်ခေါင်းခဲနေပေမယ့် သူလုပ်နိုင်တာဘာမှမရှိ။

သွမ့်လုပ်ငန်းစုနှင့် တုမိသားစုက သွမ့်ဟွားယွဲ့၏နောက်မှာ တည်ရှိနေလေသည်။ သူကဘာတတ်နိုင်မှာတဲ့လဲ။

ကျောင်းအုပ်ကြီးက သူ့ရဲ့အသက်အရွယ်ကြောင့် ဆံပင်အနည်းငယ်သာကျန်တော့သည့် နဖူးပြင်မှ ချွေးစက်များအား သုတ်လိုက်မိသည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now