Part 6

195 32 3
                                    

အတန်းစစ်စာမေးပွဲက လျင်မြန်စွာပဲရောက်လာခဲ့သည်။ ယခင်အပါတ်စဉ်စာမေးပွဲများမှာ သွမ့်ဟွားယွဲ့က သူ့အဆင့်အတန်းကိုဖိနှိပ်ထားပြီး နေ့ရက်များကို သာမန်ရိုးကျဆန်စွာပင် ဖြတ်သန်းနေခဲ့သည်။

တုကွမ်းဝမ်ဘက်မှာတော့ အခက်အခဲများ‌ပေါ်နေခဲ့ပြီး ပြင်းထန်သောဖိအားတချို့ကြောင့် အလွန်အမင်းစိတ်ဒုက္ခ
ရောက်နေခဲ့ရသည်။
တုကွမ်းဝမ်သည် မထင်မရှားရပ်ကွက်တစ်ခုမှာ ဆင်းရဲချို့တဲ့စွာကြီးပြင်းလာခဲ့ရပြီး သိပ်မကြာခင်ကာလကမှ သူ့ဖခင်ဆိုသူကရုတ်တရက်ပေါ်ထွက်လာကာ သူတို့သားအမိကို တုအိမ်တော်သို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရုတ်တရက်ဆန်စွာ ဒုတိယသခင်လေးတုအဖြစ် သတ်မှတ်ခံရပြီးချမ်းသာကြွယ်ဝလာပြီးနောက်မှာ သူယခင်ကကြီးပြင်းလာခဲ့သည့် အမှိုက်လိုနေရာကို သူပြန်မသွားချင်တော့။
စည်းစိမ်ချမ်းသာများခံစားနေရကာ အရာရာပြည့်စုံနေပြီဟု ထင်မှတ်ထားသည့်သူ့မှာ ဆူးတစ်ချောင်းလို အနှောင့်အယှက်ဖြစ်နေသည်က သွမ့်ဟွားယွဲ့ဆိုသည့် ထိုသခင်ငယ်လေးပင်။

တုသခင်ကြီးရဲ့အတွေးတွေကိုသူသိပ်သဘောမပေါက်ပေမယ့် အိမ်တော်အရှုပ်အထွေးများကြားထဲ သူ့ရဲ့အခြေအနေနှင့်ထိန်းချုပ်ထားနိုင်သည့်အင်အားကိုသိသာထင်ရှားစေနိုင်ဖို့အတွက် သူအများကြီးအားထုတ်ခဲ့ရသည်။

အထူးသဖြင့်ပညာရေးပိုင်းမှာ။
တန်းခွဲAကိုဝင်နိုင်ရန် တုအိမ်‌တော်ရဲ့အာဏာအပြင် သူ့ဘက်ကကြိုးစားအားထုတ်မှုတွေလဲအများအပြားရှိနေခဲ့သည်။အစပိုင်းမှာ သူ့အတွက်အဆင်ပြေချောမွေ့နေပေမယ့် လွန်ခဲ့သည့်ရက်ပိုင်းလောက်က ကျောင်းဖိုရမ်မှာ သူဟာတရားမဝင်သားတစ်ယောက်ဖြစ်သည်ဆိုတဲ့အချက်ကို တစ်စုံတစ်ယောက်ကထုတ်ဖော်ခဲ့သည်။

ထိုအချိန်ကတည်းက သူ့မှာဖိအားတွေရလာခဲ့ပြီး သွမ့်ဟွားယွဲ့ကိုချဉ်းကပ်ဖို့အစီအစဉ်ကိုလဲခနနောက်ဆုတ်ခဲ့ရသည်။
ကျောင်းတက်နေသည့် နေ့ရက်များကသူ့အတွက်ပင်ပန်းစရာ‌ဖြစ်နေခဲ့ပြီး လူတိုင်းကသူ့အကြောင်းတွေကိုပြောရတာ နှစ်သက်နေခဲ့ကြသည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now