Part 14

137 14 0
                                    

သွမ့်ဟွားယွဲ့၏ နေ့စဉ်ဘဝက ပြသနာအနည်းငယ်ရှိနေပေမယ့် သူကအရင်အတိုင်းသာ လျစ်လျူရှုရန်ရွေးချယ်ထားပြီး အရာအားလုံးကိုမသိချင်ယောင်သာဆောင်နေလိုက်တော့သည်။

စစ်ကျုံး၏ကျောင်းတွင်းအဖြစ်အပျက်များက တောမီးကဲ့သို့ပျံ့နှံ့သွားကာ သွမ့်ဟွားယွဲ့၏အဖြစ်အပျက်အလုံးစုံအား လူတိုင်းကသိသွားသည့်အပြင် စေ့‌စပ်ကြောင်းလမ်းခြင်းသတင်းကလဲနာမည်ကြီးလာကာ သူ၏နာမည်က ထပ်မံ၍လူသိများလာပြန်သည်။

ဂီတပွဲ‌တော်အပြီး၌ သွမ့်ဟွားယွဲ့၏အနုပညာပရိသတ်များစွာရှိလာသလို နဂိုဖန်ကလပ်မှကာကွယ်မှုများလဲတိုးပွားလာသည့်အတွက် သူ၏အညှီအဟောက်သတင်းများက သိသိသာသာလျော့ကျသွားတော့သည်။ စေ့စပ်ပွဲသတင်းအပြီး၌ ရုတ်တရက်ကျဆင်းသွားခဲ့ရသည့် သွမ့်ချိုး၏ရှယ်ယာများက ပြန်လည်မြင့်တက်လာကာ အကျိုးအမြတ်များစွာရရှိခဲ့သည်။

ပြသနာများဖြေရှင်းပြီးချိန်၌ ကျန်းဖုဟယ်တို့က သူ့ကိုစောင့်ကြည့်နေခြင်းရှိနေပြီး သူ့အတွက်အနည်းငယ်အဆင်မပြေသည့်အတွက် အစောပိုင်း၌အငြင်းအခုံလုပ်ခဲ့ရသေးသည်။ သို့သော်လည်း အ‌ဆုံးသတ်၌ သွမ့်ဟွားယွဲ့က ကာကွယ်လိုစိတ်ပြင်းထန်နေသည့် အနှီလူသုံးဦးအားလိုက်လျောလိုက်ရကာ အနီးကပ်စောင့်ကြပ်နေခြင်းအားတားဆီးရန်လက်လျှော့လိုက်ရတော့သည်။

"ဖုဟယ်...ရှီပုနျဉ်... ငါသန့်စင်‌ခန်းလေးပဲသွားချင်တာပါ...မင်းတို့ ဒီလိုမျိုးအနောက်ကနေ လိုက်နေတာက ပုံမှန်မဟုတ်တော့ဘူး"

"မင်းအရင်တခေါက်ကလဲ အဝတ်လဲရုံလေးပါဆိုပြီး ပြန်ပေး‌ဆွဲခံလိုက်ရတာမဟုတ်ဘူးလား...ပြီးတော့ ငါတို့ကယောက်ျားလေးတွေပဲဟာ သန့်စင်ခန်းအတူတူသွားတာ ဘာဖြစ်လို့လဲ"

"ဘယ်ယောက်ျားလေးသူငယ်ချင်းတွေက ဒီလိုလက်တွေတွဲပြီး သန့်စင်ခန်းသွားလို့လဲ ကျန်းဖုဟယ်"

သွမ့်ဟွားယွဲ့က သူ့လက်‌မောင်းတစ်ဖက်စီအား ဆွဲကိုင်ထားသည့် ရှီပုနျဉ်နှင့် ကျန်းဖုဟယ်၏လက်ကိုလှုပ်ခါပြကာ ရေရွတ်လိုက်သည်။

ရှီပုနျဉ်ကသူ့ဆီမှအကြည့်လွှဲသွားကာ ချောင်းတစ်ချက်ဟမ့်ပြီး လက်ကိုရုတ်လိုက်ပေမယ့် ကျန်းဖုဟယ်ကတော့ယခင်ကထက်တိုး၍ဖက်တွယ်လာကာ သူ့အားစိုက်ကြည့်လာသည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now