အကဲဖြတ်ပေးရန် စစ်ကျုံးသို့ ဖိတ်ကြားခြင်းခံခဲ့ရသည့်အတွက် ရောက်လာခဲ့ကြသည့် မစ္စဝမ်တို့က ကျောင်းသားများ၏သာမန်ဆန်လွန်းသည့်တေးသွားများအားနားဆင်ပြီးနောက် သူတို့မျက်နှာကအနည်းငယ်ဖရိုဖရဲဖြစ်လာရသည်။
လျန်းလျန်နှင့်အဲလစ်က ခနတဖြုတ်ဂရုစိုက်နားထောင်ပြီးနောက် သူတို့မျက်နှာကအနည်းငယ်မှုန်မိုင်းနေလေသည်။ မစ္စတာကျန်းနှင့် မစ္စဝမ်တို့၏မျက်နှာ၌လည်း အမူတမျိုးပေါ်ပေါက်နေကာ သူတို့ကအချင်းချင်းဆွေးနွေးစကားများပြောဆိုရင်း ပြိုင်ပွဲကိုသာမန်ကာလျှံကာသဘောမျိုး နားဆင်နေကြလေသည်။
ကျောင်းအုပ်နှင့်အတွင်းရေးမှူးက အကဲဖြတ်ဒိုင်များ၏မျက်နှာများအား အကဲခတ်မိပြီးနောက် သူတို့ရင်ထဲပူလောင်မှုများဖြစ်ပေါ်လာရသည်။ အမှန်တကယ်ဆို ဒီလိုပွဲမျိုးကိုကျောင်း၏တာဝန်ခံများကသာ ဦးဆောင်၍ပင်ရနိုင်သည်။ ထိုသို့ဆိုလျှင် ဤပညာရှင်များကို စစ်ကျုံးရှိကျောင်းသားများ၏ယခုကဲ့သို့အရည်အချင်းများအား ဖော်ပြမိလိမ့်မည်မဟုတ်။
ခန်းမတွင်းရှိနေရာယူထားကြသော ပရိတ်သတ်များကလဲ၎င်းတို့၏တေးသွားများကိုနားဆင်နေရင်း အလွန်ပျင်းရိလာကြလေသည်။ တချို့ကျောင်းသားများကပင် ငိုက်မြည်းနေကြလေကာ အမှားလုပ်မိ၍ထိတ်လန့်တုန်လှုပ်ကာ စင်ပေါ်မှဆင်းသွားသော ကျောင်းသားတချို့အားပင် ရီမောနေလိုက်ကြသေးသည်။
ကျောင်းအုပ်ကြီး၏မျက်နှာက စိုးရိမ်ပူပန်မှုကြောင့် ရှုံ့တွနေကာ သူကနေရာမှပင်ထွက်ပြေးချင်စိတ်များပေါ်လာရသည်။ စစ်ကျုံး၏ပီယာနိုကလပ်ရှိ ကျောင်းသားများက ပုံမှန်ဆိုလျှင်ထိုကဲ့သို့သော အမှားများလုပ်လေ့မရှိကြပေမယ့် ယနေ့တော့ သူတို့၏ဖျော်ဖြေမှုကိုရှေ့ဆုံးမှအကဲဖြတ်နေကြသည့် ဒိုင်များကိုမြင်ပြီးနောက် စိတ်လှုပ်ရှားမှုများကိုမထိန်းချုပ်နိုင်တော့ပဲ အမှားများစွာဖန်တီးနေကြလေတော့သည်။
မစ္စဝမ်နှင့် တခြားလူများက ဖျော်ဖြေမှုကိုနားဆင်ရင်း သူတို့မျက်နှာကအလိုမကျမှုများကို များစွာမထိန်းချုပ်ထားတော့ပေ။ထို့ကြောင့် ကျောင်းသားများက မျက်နှာအမူအရာတင်းမာနေသည့်သူတို့ကိုကြည့်ရင်း ပိုမိုထိတ်လန့်လာကြလေသည်။
YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
RandomStarted date - oct23 2022 End date -