Part 15

121 12 0
                                    

"ဟေ့ကောင် ထစမ်း..."
ဆဲဆိုသံတချို့နှင့်အတူ သူ့ကိုယ်ပေါ်သို့ပြင်းပြင်းထန်ထန်ကျရောက်လာသော တိုက်ခိုက်မှုများကြောင့် သွမ့်ဟွားယွဲ့ အံကြိတ်ပြီး ထထိုင်လိုက်သည်။
သူထိုင်လိုက်ပေမယ့် သူ၏ခန္ဓာကိုယ်တစ်လျှောက်ကိုကန်ကျောက်နေသည်ကရပ်တန့်မသွားပဲ ပိုမိုများပြားလာသည်။
သွမ့်ဟွားယွဲ့က မျက်နှာနှင့်ဝမ်းဗိုက်ပေါ်သို့ကန်ချက်များရောက်မလာစေရန် ခုခံလိုက်ပြီးအားယူကာထရပ်လိုက်သည်။

"ငါ့ကိုလာမထိနဲ့"
အသံကဖျော့တော့နေပေမယ့် အခန်းတွင်းရှိ လူများကိုခနတာ တားဆီးလိုက်နိုင်လေသည်။ သွမ့်ဟွားယွဲ့က လူအုပ်ကိုလျစ်လျူရှုကာ သူ၏ကိုယ်ပေါ်မှဖုန်များကိုခါထုတ်လိုက်ရင်း ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်သည်။

"ဒီကောင်...ဦးနှောက်ထိသွားတာလား...ဘယ်ကသတ္တိနဲ့များ ငလာတားချင်တာလဲ စောက်ခွေးလေး ပြန်ကိုက်ချင်နေပြီပေါ့လေ"

"မင်း စောက်ပါးစပ်ကိုပိတ်ထားပြီး ငါ့ကိုခနလောက်စဉ်းစားဖို့အချိန်ပေး"

သွမ့်ဟွားယွဲ့က သူ့ကိုဆဲဆိုနေသည့် အုပ်စုထဲမှထင်းထွက်နေသောအရပ်ရှည်ရှည်လူသန်ကြီးဆီမှ အကြည့်လွှဲကာတစ်စုံတစ်ခုကိုစဉ်းစားနေသည်။
အချုပ်သားဝတ်စုံနှင့် လူသန်ကြီးတစ်စုက သွမ့်ဟွားယွဲ့ကိုကြည့်ပြီး ခနမျှကြောင်အသွားကြသော်လည်း အုပ်စုထဲမှတစ်ယောက်က အရှေ့သို့အလျင်အမြန်ရောက်လာကာ သွမ့်ဟွားယွဲ့၏ဆံပင်ကိုကိုင်ဆောင့်ရန်ပြင်လိုက်သည်။

စက္ကန့်ပိုင်းမျှအကြာတွင် ထိုလူကသွမ့်ဟွားယွဲ့၏ခြေထောက်အောက်သို့ရောက်သွားရပြီးသူ၏မျက်နှာတစ်ပြင်လုံးက ကြမ်းပြင်နှင့်ကပ်လျက်ထပ်တူကျနေကာ ထိုလူ၏မျက်ဝန်းအစုံကအံ့အားသင့်မှုကြောင့် ပြူးကျယ်လာသည်။

"အစ်..အစ်ကိုကြီး ကျွန်တော့်ကိုသူ..အားး"
သွမ့်ဟွားယွဲ့က ထိုကတုံးဆံပင်ပေါက်လူ၏လက်တစ်ဖက်ကိုအားနှင့်ဖိကြိတ်နင်းရင်း စိတ်မရှည်စွာကြည့်နေသည်။

"ငါမင်းတို့ကိုပြောတယ်မဟုတ်လား...စောက်ပါးစပ်ပိတ်ထားလို့"

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now