Part 25

55 5 0
                                    

လေပြေများကတိုက်ခတ်နေပြီး သစ်ရွက်ကြွေများကလမ်းမထက် ပျံ့ကြဲနေကာ လှုပ်ရှားသွားလာနေသည့်လူအများ၏ခြေရင်းတွင်ဝပ်တွားနေကြသည်။ Bမြို့၏အကျော်ကြား‌ဆုံးတက္ကသိုလ်ဝင်းကသက်ဝင်လှုပ်ရှားနေပြီး ဆူညံကာကျောင်းသားများဖြင့်ပြည့်နှက်နေသည်။

သွမ့်ဟွားယွဲ့က သူ၏အတန်းဖော်နှင့်တူ တက္ကသိုလ်ဝင်းအပြင်ဘက်သို့ လမ်းအတူလျှောက်ကြရင်း တစ်ခါတစ်ရံ၌သွားတက်လေးများပေါ်သည်အထိပြုံးနေတတ်သည်။ မြို့တော်၏ဆက်သွယ်ရေးကအလွန်အမင်းကောင်းမွန်ပြီး နာမည်ကျော်ကြားသောသွမ့်မိသားစု၏ဤသခင်ငယ်လေးကို မသိသည့်သူမှာအလွန်နည်းပါးလွန်းလေသည်။

သွမ့်ဟွားယွဲ့၏အတန်းဖော်ဖြစ်သူအမည်က လီယန်ဖြစ်ပြီး သွမ့်ဟွားယွဲ့၏အထက်တန်းမှအတန်းဖော်လဲဖြစ်ခဲ့သည်။
သူ၏ဂုဏ်ပြုပွဲအခမ်းအနားကောလဟာလတွင် တန်းခွဲAက သူ့ကိုထောက်ပံ့ပေးခဲ့ကြသည့်အတွက် သွမ့်ဟွားယွဲ့ကသူတို့အားလုံးအပေါ်တွင်အမြင်ကောင်းများရှိသည်။ထို့ကြောင့် သူ့ကိုသံသယမဝင်ကြောင်းဦးစွာထုတ်ဖော်ခဲ့သည့် လီအိမ်တော်၏အနှီသခင်ငယ်လေးနှင့် တက္ကသိုလ်တစ်ခုတည်းတွင်ပြန်ဆုံချိန်၌ တဖက်လူတွင်မကောင်းသည့်ရည်ရွယ်ချက်မရှိကြောင်းသူအကဲခတ်ပြီးသည်နှင့် သူငယ်ချင်းဖြစ်ရန်သဘောတူခဲ့သည်။

တက္ကသိုလ်၏ဝင်းက ကျယ်ဝန်းလှပြီး သွမ့်ဟွားယွဲ့နှင့်လီယန်က အေးဆေးသက်သာစွာပင် စကားပြောရင်းအချိန်ဖြုန်းနေကြပေမယ့် လမ်းတစ်လျှောက်ရှိလူများကတော့ သူတို့နှစ်ဦးကိုကြည့်ပြီး တီးတိုးဝေဖန်ကာ ဓာတ်ပုံပင်တိတ်တဆိတ်ရိုက်နေကြသေးသည်။

လီယန်က သူ၏ပတ်လည်ရှိတီးတိုးပြောသံများကိုနားထောင်ပြီးနောက် တခစ်ခစ်ရီမောလိုက်ပြီး သူ့ဘေးကသွမ့်ဟွားယွဲ့၏ပခုံးစွန်းကိုတိုက်လိုက်သည်။
"သခင်လေးသွမ့်ကတော့ ကျောင်းတက်ပြီး၃လမပြည့်ခင်မှာတင် တက္ကသိုလ်တစ်ခုလုံးကိုတုန်လှုပ်အောင် လုပ်နိုင်စွမ်းရှိနေပြီပဲ"

သွမ့်ဟွားယွဲ့၏မျက်ခုံးများကပင့်သွားပြီး သူ့ဘေးကလီယန်ကိုတိတ်တဆိတ်ကြည့်လိုက်သည်။
လီယန်က သူ၏ဂရုမစိုက်သည့်အမူအယာကိုမြင်တော့ အနည်းငယ်တွေဝေသွားပြီး‌မမေးပဲ‌ မနေနိုင်တော့ပေ။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now