Part 16

110 16 2
                                    

"ကိုယ့်အသက် 39နှစ်မှာ ဒီရှင်းယွင်တောင်ကိုပထမဆုံးအကြိမ်ရောက်ခဲ့တယ်...အစကတော့ ကိုယ်.......ဒီနေရာမှာအနားယူလိုက်ဖို့ဆုံးဖြတ်ထားတာ ဒါပေမယ့်မထင်မှတ်ပဲ ဒီလောက်လူသူရှားပါးပြီးဝေးလွန်းတဲ့နေရာမှာ ဘုရားကျောင်းတစ်ခုကိုတွေ့ခဲ့တယ်"

သွမ့်ဟွားယွဲ့က ငြိမ်သက်ကာငေးငိုင်နေတဲ့တုကျစ်ရှဲ့ကိုသာ အာရုံစိုက်နေပြီး ပတ်ဝန်းကျင်ကိုလျစ်လျူရှုထားသည်။
တုကျစ်ရှဲ့က အေးစက်ပြီးတောင်တင့်နေတဲ့သူ့ရဲ့လက်တွေကို အသာအယာနှိပ်နယ်နေပြီးမှ သက်ပြင်းချလိုက်သည်။

"ကိုယ်အစက မဝင်ဖို့တွေးလိုက်ပေမယ့် ဆရာတော်တစ်ပါးကမုဒ်ဝနားမှာ ရပ်ပြီးကိုယ့်ကိုကြည့်နေခဲ့တယ် ပြီးတော့အေးလွန်းလို့တုန်ယင်နေတဲ့ကိုယ့်ကိုဘုရားကျောင်းထဲခေါ်သွားပြီး အနားယူခိုင်းခဲ့တယ်...ဆရာတော်ကပြောတယ် ကိုယ်ကသူ့ကိုအတိတ်တစ်ခုမှာအကူညီပေးခဲ့ဖူးတယ်တဲ့ ကိုယ်အခုချိန်မှာအကူညီလိုအပ်နေတာသူသိလို့ သူကူညီပေးနိုင်တယ်လို့ပြောခဲ့တယ်"

သွမ့်ဟွားယွဲ့က မျက်ခုံးများတွန့်ချိုးသွားရပေမယ့် စကားစမဖြတ်ပဲ တုကျစ်ရှဲ့ရဲ့စကားသံကိုသာ ဆက်လက်အာရုံစိုက်နေသည်။

"ကိုယ်သူ့ကိုတောင်းဆိုခဲ့တယ်အားယွဲ့...ကိုယ်မင်းကိုပြန်ပြီးမြင်တွေ့နိုင်တဲ့အခွင့်အရေးလေးပေးပါဆိုပြီး.... အဲ့ဒီအချိန်မှာကိုယ်အရမ်းစိတ်လွတ်နေခဲ့ပြီး မင်းကိုထပ်တွေ့နိုင်ဖို့ ကိုယ့်ရဲ့အရာအားလုံးကိုစွန့်လွှတ်ဖို့တောင် တွေးထားခဲ့တာ"

"ဆရာတော်က ကူညီပေးခဲ့တာလား"

တုကျစ်ရှဲ့က ခေါင်းကိုအသာညိတ်လိုက်ပြီး မျက်လုံးအစုံကိုတင်းတင်းကြပ်ကြပ်ပိတ်ထားလိုက်သည်။ သွမ့်ဟွားယွဲ့က တုကျစ်ရှဲ့ကိုအမူအယာမဲ့စွာ ကြည့်နေခဲ့ပြီး သူ့မှာပြောစရာစကားတစ်စုံတစ်ရာရှိမနေခဲ့ပေ။

"ဆရာတော်က မင်းနဲ့ကိုယ့်ကိုကူညီပေးလို့ရနိုင်တယ်လို့ပြောခဲ့တယ် ဒါပေမယ့် တချို့ပြောင်းလဲမှုတွေက ကိုယ်နဲ့မင်းရဲ့ကံကြမ္မာကိုအလှည့်အပြောင်းလုပ်ပေနိုင်သလို ကိုယ်တို့မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေအများကြီးနဲ့တွေ့ရနိုင်တယ်တဲ့....ပျော်ရွှင်မှုတွေရှိနိုင်သလို နာကျင်မှုတွေလဲရှိလာနိုင်တယ်တဲ့"

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now